နူမူက သူ့အိတ်ကပ်ထဲက မှော်လက်နက် အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ဝူရုန် လက်ထဲကို ထည့်ပေးလိုက်ပြီး ပြောလိုက်တယ်"ရုန်အာ ဒီလိုဆိုရင် မင်းကအန္တရာယ်ရှိတယ်။မင်းအန္တရာယ်ရှိလာရင် ဒီဝိစီကို မှုတ်လိုက်။ဒါဆို မင်းက အန္တရာယ်ရှိလာရင် မင်းက ဘယ်လောက်ဝေးဝေး ငါနိုင်လိမ့်မယ်။ပြီးတော့ မင်းက ဒီပုလွေကို အသုံးပြုပြီး ဆယ်မိုင်အတွင်းမှာရှိတဲ့ အမျိုးမျိုးသော အင်းဆက်တွေ ကပ်ပါးတွေကို ထိန်းချုပ်နိုင်လိမ့်မယ်"

ဝူရုန်က ပုလွေကို ခက်ခက်ခဲခဲကြိုးစားပြီး မှုတ်လိုက်ပေမဲ့ ဘာသံမှ မထွက်လာဘူး။

ဟေးရွမ်ရီက ဝူရုန်ရဲ့နီရဲနေတဲ့မျက်နှာကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

"မင်းက ပုလွေကို ဘယ်လိုမှုတ်ရမလဲဆိုတာ မသိဘူးလား?"နူမူက မေးလိုက်တယ်။

"တကယ်ကိုမသိဘူး"ဝူရုန်က မျက်လုံးလှန်ပြလိုက်ပြီး ပုလွေကို ပြန်ချထားလိုက်တယ်။

"ရွမ်ရီက ဒါကို သုံးတတ်ပါတယ်"နူမူက တစ်ပေလောက်ရှည်တဲ့ ကြိုးလေးကိုပေးလိုက်ပြီး"စိတ်စွမ်းအင်နဲ့အသက်သွင်းလိုက်မယ်ဆိုရင် သေးငယ်တဲ့မြွေဖြစ်လာလိမ့်မယ်။ခဏလောက်တော့ မင်းရဲ့ပစ်မှတ်ကို အားနည်းအောင် လုပ်နိုင်တယ်"

"ကဝေခေါင်းဆောင်က စွမ်းအားကြီးတာလား?"ဝူရုန်က စားပွဲပေါ်က မှော်လက်နက်တွေကို ကြည့်လိုက်ပြီး မေးလိုက်တယ်။

"သူမက ရွမ်ရီလို အဆင့်ကိုးကျင့်ကြံသူဘဲ။ဒါပေမဲ့ သူမက ရွမ်ရီလောက်တော့ စွမ်းအားမကြီးဘူး။ဒါပေမဲ့ ရွမ်ရီက မင်းကိုဟအချိန်တိုင်းမကာကွယ်ပေးနိုင်ဘူးလေ။ဒါကြောင့် ဒီမှော်လက်နက်တွေကို မင်းနှင့်အတူသယ်ထားတာ ပိုကောင်းတယ်"

"........"ဟေးရွမ်ရီ

"ဆရာသခင် ကျွန်တော်က ဆရာ့ကိုပြောစရာရှိသေးတယ်"ဝူရုန်က ပြောလိုက်တယ်။

"ပြောလေ"နူမူက မှော်လက်နက်တွေကို ကစားနေတာ ရပ်တန့်လိုက်ပြီး ပြောလိုက်တယ်။

"ပြီးခဲ့တဲ့ညက ရွမ်ရီရဲ့စိတ်စွမ်းအင်နယ်မြေက ထိခိုက်သွားတယ်။သူက အချိန်တစ်ခုလောက်တော့ စိတ်စွမ်းအင်တွေကို အသုံးပြုလို့မရဘူး"

COTAW(Zawgyi)Where stories live. Discover now