ကိုယ်နဲ့အတူ အခန်းကိုမျှသုံးမယ်လို့ထင်ခဲ့ပေမယ့် သူက သပ်သပ်အခန်းခွဲအိပ်မယ်ဆိုတော့ အိပ်ပေါ့...။ ဂျောင်ကုကသာ သူတို့သားအဖအတွက်တွေးပေးနေတာ...။ မနေတော့ဘာအရေးလဲ တစ်ယောက်တည်း ကုတင်အကျယ်ကြီး၊ အခန်းကျယ်ကြီးမှာ ပိုပြီးတော့တောင်လွတ်လပ်သေး...။ မနေနဲ့လေ ပိုတောင်ပျော်သေး...။

"ဒါနဲ့ ခင်ဗျားပိုက်ဆံတွေထုတ်မသုံးနဲ့လေ... တော်ကြာ အိမ်ထောင်ကျပြီးမိဘဆီကနေ လက်ဖြန့်နေရတုန်းဆိုပြီး ပြောနေဦးမယ်... လိုရင် ကျုပ်ဆီကပဲယူ"

ဂျွန်က ဘာသဘောနဲ့ပြောမှန်းမသိပေမယ့် တစ်ဖက်လူရဲ့အတွေးထဲမှာတော့ မာနကိုထိခိုက်နေသလိုပဲ...။

"ကိုယ့်မှာ ကိုယ်ပိုင်ဝင်ငွေရှိပါတယ် ဂျွန်ရဲ့... ကိုယ်ပိုက်ဆံရှာနိုင်ပါတယ်... သူများဆီကနေ...."

"သိတယ်!!! ခင်ဗျားရှာနိုင်တာကျုပ်သိတယ်... ဘယ်လောက်ရှာနိုင်သလဲ ကျုပ်စိတ်မဝင်စားဘူး... ဒါပေမယ့် ဒီအတောအတွင်း ခင်ဗျားတို့သားအဖကို ကျုပ်ပဲတာဝန်ယူမယ်... အဲ့ဒီလောက်လေးကတော့ ကျုပ်မမွဲသွားပါဘူး... တော်ကြာသူများသားသမီးကိုယူပြီး ပစ်ထားတယ်ဆိုတဲ့ အသံတွေမကြားချင်ဘူး"

ထယ်ယောင်းဆက်ပြီး စကားပြောချင်စိတ်မရှိတော့ဘူး...။ ဂျွန်ဟာ ကိုယ့်ကိုအထင်သေးတာထက် ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်းကို ပိုပြီးနှိမ့်ချလွန်းတယ်...။ အိမ်ထောင်ရေးတစ်ခုမှာ အပြန်အလှန်မှီခိုရင်း နားလည်မှုတွေယူကြတာသူသိပေမယ့်လို့ အခုဟာက မဖြစ်မနေလုပ်ရမယ့်တာဝန်တစ်ခုကြောင့် စိတ်မပါပဲလုပ်နေရသလို...။

ထယ်ယောင်းကရော ဂျွန်ရှာသမျှကို လိပ်ပြာသန့်သန့်နဲ့သုံးနိုင်မှာတဲ့လား...။ အစထဲက ဂျွန်ကိုယ်တိုင် ဟန်ဆောင်လက်ထပ်ပါမယ်လို့ ပြောခဲ့တာကို ကိုယ်က တကယ့်ပုံစံအတိုင်း စိတ်အေးလက်အေးသုံးနိုင်မှာတဲ့လား...။ တစ်ခါတစ်လေ ဂျွန်ဟာ နားလည်ရသိပ်ခက်လွန်းပါသည်...။

"အင်းပါ... ဒါဆိုကိုယ်သွားအိပ်တော့မယ်..
ညဉ့်မနက်စေနဲ့... စောစောအိပ်ပါ"

"နေဦး....ပေးစရာရှိသေးတယ်"

ဂျွန်က ထိုင်နေရာကနေထလာကာ ကုတင်ဘေးအံဆွဲထဲကနေ တစ်ခုခုထုတ်နေတာကြောင့် ရပ်စောင့်နေရသည်...။

~~STRING~~ (Completed)Место, где живут истории. Откройте их для себя