ကိုးနာရီခွဲတော့ သားကအိပ်ပျော်သွားတာကြောင့် အခန်းထဲခေါ်ခဲ့ကာ နေရာသေချာချပေးရင်း စောင်လေးပါသေချာခြုံပေးလိုက်သည်...။

ဂျောင်ကုမှာလည်း ညနေက မပြီးပြတ်သေးတဲ့စာရင်းတွေအား ဆက်ပြီးလုပ်နေရတာကြောင့် ဇက်ကြောတွေပင် တက်ချင်လာသည်...။ နာရီကိုကြည့်တော့ ဆယ်နာရီထိုးဖို့ စွန်းစွန်းလေးသာလိုတော့သည်...။

ကင်မ်ထယ်ယောင်းတို့သားအဖက အခုထိအောက်ထပ်မှာပဲလား...?? သူတို့က ဒီအခန်းထဲလာအိပ်ကြမှာလား...?? လာအိပ်မယ်ဆို အခုချိန်ဆိုရင် တက်လာသင့်လောက်ပြီ...။ ယောကျ်ားလေးချင်းပေမို့ အိပ်ဖို့ကိစ္စက အခက်ခဲမရှိလောက်ဘူးလို့ထင်တာပဲ...။

*knock~~knock~~knock*

တံခါးခေါက်သံကြားတာကြောင့် လုပ်လက်စအား ခဏရပ်ကာ တံခါးသွားဖွင့်ပေးတော့ ကင်မ်ထယ်ယောင်းက လင်ဗန်းအသေးလေးအားကိုင်လျက်သား...။

"မအိပ်ခင်သောက်ရအောင်လို့"

အခန်းထဲသို့ဝင်လာကာ ဂျောင်ကုရဲ့အလုပ်စားပွဲပေါ် ချပေးလာတဲ့ ဖန်ခွက်လေးတစ်ခွက်...။

"ဒါကဘာလဲ"

"သောက်ကြည့်လေ"

ခရားထဲက ငှဲ့ပေးလာတဲ့ခွက်လေးအား တစ်ခွက်မော့သောက်တော့ လျှာဖျားပေါ်စိမ့်ဝင်သွားတဲ့အရသာက ချဉ်စုပ်စုပ်လေး...။

"တစ်မျိုးပဲ... သောက်နေကျလက်ဖက်ခြောက်တွေနဲ့ အရသာချင်းမတူဘူး... သူကအနံ့လဲမရှိဘူး"

"ဟုတ်တယ်... အဲ့ဒါ rosemary လေ... ညဘက်ကောင်းကောင်းအိပ်ပျော်ပြီး အိပ်မက်ကောင်းလေးတွေလဲမက်တယ်တဲ့"

နောက်ထပ်တစ်ခွက်ကို သူငှဲ့ပေးတော့ ဂျောင်ကုထပ်ပြီး ယူသောက်လိုက်သည်...။

"ဒါနဲ့ ကလေးရော"

"သားက အိပ်သွားပြီ"

"ခင်ဗျားတို့သားအဖက ဒီမှာမအိပ်ဘူးလား"

"ဂျွန် လွတ်လွတ်လပ်လပ်နေရအောင် ကိုယ်တို့သားအဖ တစ်ဖက်ခန်းမှာအိပ်လိုက်မယ်... မနက်ထဲက shopping ထွက်ရင်း အခန်းအတွက်လိုအပ်တာလေးတွေပါ ထည့်ပြင်လို့ပြီးပြီလေ"

~~STRING~~ (Completed)Where stories live. Discover now