ပါးအိအိဖောင်းဖောင်းလေးနှစ်ဖက်အား တရှုံ့ရှုံ့ မွှေးကြူလိုက်တော့ သဘောကျတဲ့ရယ်သံလေးက တခစ်ခစ်....။ ဂျောင်ကုအတွက်တော့ ကလေးတွေနဲ့ရင်းနှီးအောင် လုပ်ရတာသိပ်မခက်ခဲ...။

"လာ... ဆန်လုံးလေးက ဖေဖေ့ဆီလာ... ဂျွန့်ကို သွားမရှုပ်နဲ့... ဂျွန်က အလုပ်လုပ်ရဦးမှာ"

ထယ်ယောင်းက လက်ထဲမှကလေးကို ယူချီဖို့ပြင်နေတာကြောင့် ဂျောင်ကုလည်း ကလေးချီထားလျက်နဲ့ နောက်သို့တစ်လှမ်းဆုတ်လိုက်တယ်...။

"ခင်ဗျားထမင်းစားပြီးလို့လား"

"သားကိုသိပ်ပြီးမှပဲစားတော့မယ်"

"ဘယ်အချိန်မှလဲ... အခုပဲ၈နာရီထိုးနေပြီ... ပြီးတော့ကျုပ်ကို အမြဲအလုပ်လုပ်ခိုင်းနေမှာလား... နည်းနည်းလေးတောင် မနားစေချင်ဘူးလား"

"မဟုတ်ပါဘူး ဂျွန်ရယ်... ကိုယ်က ဂျွန့်ကို အနှောင့်အယှက်မဖြစ်စေချင်ရုံပါ"

"ထမင်းစားပြီးမှ ကလေးကိုလာခေါ်... ဒီကလေးက ခင်ဗျားနဲ့သက်ဆိုင်သလို ကျုပ်နဲ့လဲသက်ဆိုင်တာပဲ... ကျုပ်သားကို ကျုပ်ချီချင်ချီမယ် ပွေ့ချင်ပွေ့မယ်... ခင်ဗျားလိုက်ပြောနေစရာမလိုဘူး... လက်ထပ်ထားတယ်ဆိုတာ မမေ့လိုက်နဲ့"

ဂျွန်ဟာ ပြောပြီးတာနဲ့သားကိုချီကာ လှစ်ကနဲထွက်သွားတာကြောင့် ကျန်ခဲ့သည်က ထယ်ယောင်းတစ်ယောက်တည်း...။ လက်ထပ်ထားကြတယ်ဆိုပေမယ့် ဟန်ဆောင်ပြီးလက်ထပ်ထားတာကို ဂျွန် မေ့များမေ့သွားတာလားပဲ...။

~~~~~~STRING~~~~~~

ထမင်းစားပြီးလို့ dinning room ထဲက ထယ်ယောင်းထွက်လာတော့ ဂျွန်က ဧည့်ခန်းထဲမှာ သားကိုချီလျှက် ဟိုလျှောက်ဒီလျှောက်နဲ့...။

အနားကိုကပ်သွားတော့ သားက ဂျွန့်ပုခုံးပေါ်မှာ မေးလေးတင်လျက် မျက်လုံးလေးတွေပင် မှေးစင်းလို့နေလေပြီ...။

"ဂျွန် သွားနားတော့လေ...
ကိုယ်ပဲ ဆက်သိပ်လိုက်တော့မယ်"

လက်ထဲက ကလေးကိုလက်ပြောင်းယူပြီးနောက် ဂျွန်က အပေါ်ထပ်သို့တန်းပြီးတက်သွားတာ ထယ်ယောင်းကိုပင် စကားမပြောတော့...။

~~STRING~~ (Completed)Where stories live. Discover now