"ပေးပေး....ကိုယ်ပဲဆေးလိုက်မယ်"
လက်ထဲကပန်းကန်ကိုဆွဲလုသွားတာကြောင့် ကိုယ့်မှာဘာလုပ်ရမှန်းပင်မသိ...။
"ကလေးထမင်းကျွေးနေတာမဟုတ်ဘူးလား...??"
"သားကို ကျွေးလို့ပြီးသွားပြီ ဂျွန်ရဲ့"
စကားပြောနေရင်းမှ ပန်းကန်တွေဆေးနေတာကြောင့် သူ့လက်တွေဆီကို အကြည့်ရောက်မိသွားသည်...။ အမြဲလက်ရှည်ဝတ်နေကျမို့ သူ,မမြင်မိပေမယ့် လက်ကိုခေါက်တင်ထားလို့ပေါ်နေတဲ့ နေရာတွေမှာ အညိုအမဲစွဲကာ ကိုက်ရာတွေကအကွင်းလိုက်...။
"အဲ့ဒါဘာဖြစ်တာလဲ...??"
ဂျောင်ကုလက်ညှိုးထိုးကာ မေးလိုက်တော့မှ ပန်းကန်ဆေးတာကိုရပ်ကာ အင်္ကျီတွေ ပြန်ဆွဲချကာဖုံးပြန်တယ်...။
"ဘာ...ဘာမှမဖြစ်ပါဘူး ဂျွန်"
"ဘာမှမဖြစ်ပဲ အဲ့ဒါတွေက ဘယ်ကနေရောက်လာလဲ...?? ဒီလောက်အညိုမဲစွဲနေတာကို လိမ်နေသေးတယ်"
လက်ကိုဆွဲယူကာ အင်္ကျီကိုဆွဲတင်ပြီး သေချာကြည့်နေသည့် ဂျွန်ဟာ သူဘာမှမလုပ်ထားသလိုပုံစံဖြင့်...။
"ကိုက်...ကိုက်ထားတာလေ...
ဂျွန်ညကမူးပြီး ကိုက်လိုက်တာ"
ထိုအခါဂျွန်က မျက်ခုံးတို့အား တွန့်ကွေးကာသေချာကြည့်ပြန်တယ်...။ မသိရင် ထယ်ယောင်းကပဲ လိမ်ပြောနေသလို...။
"အဲ့လောက်တောင်ဖြစ်သွားတာလား...??"
ဂျောင်ကု သူ့ကိုတစ်ချက်အားနာသွားရသည်...။ အသားမထိပါဘူးလို့ပြောပြီး ညကအရက်မူးပြီး ရမ်းကားတဲ့အပြင် ကိုက်ပါကိုက်လိုက်မိသေးသည်...။
"လွှတ်တော့လေ... ဂျွန်ပြောတော့ အသားမထိနဲ့ဆို"
သူ့ဘက်ကအသိပေးလာမှ ဂျောင်ကုလည်း သတိရမိသည်...။ အခုထိသူ့လက်ကို မလွှတ်ပေးမိသေးပါ...။
"ဆောရီး !!"
သူ့ဘေးနားကနေထွက်လာခဲ့ကာ ထမင်းစားပွဲဝိုင်းဘက်မျက်လုံးရောက်တော့ ပေါက်စလေးက ခုံပေါ်မှာငြိမ်ပြီး ဟိုကြည့်သည်ကြည့်နဲ့...။
ဂျောင်ကုကိုတွေ့တော့ လက်ကလေးနှစ်ဖက်ဆန့်ထုတ်ကာ လက်ဖဝါးလေးတွေ ဆုပ်လိုက်ဖြန့်လိုက်လုပ်ပြနေတာကြောင့် အနားသွားကာ ပွေ့ချီလိုက်တော့ သူ့လက်ထဲ တစ်ချက်မငိုပဲပါလာတယ်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 10
Start from the beginning
