~~~~~~STRING~~~~~~

ရေချိုးပြီးတော့ ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်အစားတစ်စုံကို ဂျောင်ကုကောက်လဲလိုက်သည်...။ သူသတိထားမိသလောက်တော့ ထယ်ယောင်းဟာ အိမ်နေရင်းနဲ့တောင် ဆွယ်တာတွေပဲဝတ်ဖြစ်တာပဲ...။

dinning room ထဲဝင်လာတော့ ညစာက စားပွဲဝိုင်းထက်မှာအဆင်သင့်...။ ပေါက်စလေးအား ပေါင်ပေါ်တင်ကာ ထမင်းကျွေးနေတဲ့ ထယ်ယောင်းက သူ့ကိုမြင်တော့ လှမ်းပြောလာရဲ့...။

"ဂျွန် ကြိုက်ပါ့မလားတော့မသိဘူး... လွယ်လွယ်ကူကူဖြစ်အောင် ကင်မ်ချီထမင်း‌ကြော်နဲ့ အမဲသားကင်ပဲလုပ်ထားမိတယ်"

ထမင်းစားပွဲထက်ဝင်ထိုင်ကာ ပြင်ထားသမျှကို မျက်လုံးနဲ့လိုက်ဝေ့ကြည့်လိုက်သည်...။ အပြင်အဆင်က မဆိုးလှ...။ စားလို့ကောင်းမယ့်ပုံလေးပါပဲ...။

"ကောင်းမကောင်းက စားကြည့်မှသိမှာပေါ့"

ပါးစပ်ထဲ ထမင်းတစ်လုပ် အရင်သွင်းလိုက်သည်...။ ပြီးတော့ တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက်စားမိသည်...။ အမဲသားပြားကင်က တူးမသွားပဲ နူးနူးအိအိလေး...။

"အဆင်ပြေရဲ့လား ဂျွန်...??"

"မဆိုးပါဘူး"

ဂျောင်ကု ခေါင်းကိုငုံ့ကာ ထမင်းသာဆက်စားနေလိုက်သည်...။ နေ့လည်စာမဝင်ထားရသေးတော့ ပါးစပ်ထဲထိုးထည့်သမျှဟာ အရသာရှိလို့နေသည်...။

"စားကောင်းလား ဆန်လုံးလေး"

"ကြိုက်~~ကြိုက် !"

"နောက်ဆုံးအလုတ်လေး
ပါးစပ်ဟ~~~အာာာ"

ကိုယ့်ရှေ့မှာ သူက ကလေးထမင်းခွံနေတာကြောင့် တစ်ချက်ကြည့်မိသည်...။ သူအခုထိထမင်းမစားရသေး...။ ဂျောင်ကုသာ စားချင်စိတ်နဲ့ခေါင်းမဖော်တမ်းစားနေတာ...။ သူကအခုထိ ထမင်းဇွန်းကိုပင် မထိရသေး...။

"ခင်ဗျားရော မစားသေးဘူးလား...??"

ရုတ်တရက်ကြီးထမေးလိုက်တဲ့ ဂျွန်ကြောင့် ကလေးထမင်းကျွေးနေတာကိုရပ်ကာ သူ့ကိုမော့ကြည့်မိသည်...။

"သားကိုကျွေးပြီးမှ အေးဆေးစားတော့မယ်"

ကိုယ်က စားလို့လတ်စသတ်သွားတာကြောင့် ခုံပေါ်ကနေထကာ ဘေစင်ဘက်သွားတော့လည်း သူက ကိုယ့်နောက်လိုက်လာပြန်တယ်...။

~~STRING~~ (Completed)Место, где живут истории. Откройте их для себя