ဘူးအဖုံးလေးအားဖွင့်ကြည့်တော့
အရင်ဆုံး မျက်နှာပူမိသည်က ဂျောင်ကု...။

"အဲ !!"

ထယ်ယောင်းကတော့ ကလေးရဲ့မျက်လုံးအား လက်ဖဝါးနဲ့အုပ်ကာ ခေါင်းကြီးငုံ့ချသွားသည်မှာ ပြန်ကိုမော့မလာတော့...။

မျက်စိထဲမြင်နေရသည်က ဘူးထဲမှာထည့်ထားတဲ့ ဂျူယောင်းရဲ့မင်္ဂလာလက်ဖွဲ့...။ မိန်းကလေးတန်မဲ့ ဒီလိုပစ္စည်းတွေပေးမယ်မှန်း ဂျောင်ကုလည်း မထင်ခဲ့ရိုးအမှန်...။ ဂျူယောင်းတစ်‌ယောက် ဦးနှောက်များပျက်သွားတာလား...။

ပါဆယ်ဘူးထဲမှာရှိနေတဲ့ ရောင်စုံဆိုဒ်စုံ condom အိတ်လေးတွေက ဂျောင်ကုကို လှောင်နေကြသလို...။

ဘာအဓိပ္ပါယ်နဲ့ပေးမှန်း နားကိုမလည်နိုင်...။ ကိုယ့်ချစ်သူအတွက် မင်္ဂလာလက်ဖွဲ့ကို ဒီလိုပစ္စည်းတွေပေးစရာလား...။ ကြည့်ရတာ ရှန်ဟိုင်းက ပြန်ရောက်နေပြီထင်သည်...။ သူပြန်ရောက်ရင်တော့ မနက်ဖြန်ဆို ဂျောင်ကုရဲ့ရုံးခန်းကို လာတော့မှာ...။ အဲ့ခါကျမှသေချာကိုမေးရမယ်...။

လောလောဆယ်တော့ ဒီဘူးကြီးကိုကိုင်ထားရတာ စိတ်ထဲတစ်မျိုးကြီးပဲ...။ ရှေ့က ကင်မ်ထယ်ယောင်းကလည်း ခုထိခေါင်းကိုမော့မလာ...။

"ရော့...ခင်ဗျားပဲယူထားလိုက်"

လက်ထဲထိုးထည့်ပေးလာတဲ့ဘူးကြောင့် ထယ်ယောင်းမှာကြောင်,အလျှက်...။ ဂျွန်က ဘာသဘောနဲ့ ဒါကြီးတွေကို သူ့လက်ထဲ အပ်ရသလဲ...။

"ဂျွန်....ဒါက"

"နောက်ဆို လိုရင်လိုအပ်လာမှာပေါ့"

တစ်ခွန်းထဲပြောပြီး အပေါ်သို့ပြေးတက်တော့ နောက်ဘက်ကနေ ထွက်လာတဲ့ အသံတုန်တုန်ယင်ယင်လေးကို သူကြားလိုက်ရတယ်...။ ရေချိုးပြီးရင် အောက်ထပ်ကိုဆင်းခဲ့ပါ သူညစာပြင်ထားတာမို့ စောင့်နေမယ်တဲ့လေ...။

ရေချိုးနေရင်းမှ ပြုံးနေမိသည်က အကြိမ်ကြိမ်ပင်...။ အိမ်ထောင်ကျပြီးရင် အဆင်ပြေပါ့မလားလို့ တွေးခဲ့မိပေမယ့် ကင်မ်ထယ်ယောင်းက ထင်ထားသလောက်မဆိုးပါဘူး...။ ၆လသာ ပေါင်းသင်းရမယ်ဆိုပေမယ့် သူ့ကို သံယောဇဉ်တွယ်မိသွားမှာတောင် ကြောက်မိပါရဲ့...။

~~STRING~~ (Completed)Where stories live. Discover now