"နေပါစေတော့... ရေချိုးလိုက်ရင်လန်းသွားမှာ"

ထိုင်နေရာမှထကာ အပေါ်တက်ဖို့ပြင်တော့ သူက ကလေးချီထားရက်နဲ့ ကိုယ့်နောက်ကတကောက်ကောက် လိုက်လာပြန်၏။ မနက်က အတွင်းရေးမှုးဂျောင်ရဲ့ ပြောပြချက်အရ ကလေးပစ္စည်းနဲ့ အသုံးအဆောင်အချို့ ဝယ်ပြီးတာနဲ့ အိမ်ကိုတန်းတန်းမတ်မတ် ပြန်တာပဲတဲ့...။

"ဘာပြောစရာရှိသေးလို့လဲ ...နောက်က တကောက်ကောက်လိုက်နေတာ... ကျုပ်ရေချိုးခန်းထဲထိ ခင်ဗျားလိုက်ဝင်မလို့လား...??"

အပေါ်သို့တက်ခါနီး လှေကားရင်းမှာရပ်ကာ သူ့ဘက်လှည့်၍မေးလိုက်တော့ အိုးတို့အန်းတန်းလေးနဲ့...။

"မ...မဟုတ်ပါဘူး... ဒါလေး ပြချင်လို့...
မနက်က ပါဆယ်လာပို့သွားတာ"

လက်ထဲထိုးထည့်ပေးလာတဲ့ ပါဆယ်ဘူးအား တစ်ချက်ကြည့်လိုက်တော့ Darling နဲ့ Darling ယောကျ်ားအတွက် အထူးစပါယ်ရှယ် မင်္ဂလာလက်ဖွဲ့တဲ့လေ...။

အစကတော့ ဖတ်နေတာအကောင်း...။ နောက်တော့မှ တစ်ခုခုကိုတွေးမိတာကြောင့် ဂျောင်ကုရဲ့မျက်ခုံးနှစ်ဖက်ဟာ စုကျုံ့လျှက်သားဖြင့်...။ ဂျူယောင်းက ဘယ်တော့မှသူ့ကို Darling လို့ခေါ်ဖူးတာမဟုတ်ဘဲ...။

"မနက်က ရောက်လာတာပဲ... ဂျွန် ပြန်လာမှ ဖွင့်ကြည့်မယ်ဆိုပြီး ဒီအတိုင်းထားလိုက်တာ"

"အင်း... ဂျူယောင်းက ကျုပ်ချစ်သူလေ... မင်္ဂလာမဆောင်ခင်တစ်ပတ်ကတည်းက ရှန်ဟိုင်းမှာ ကြော်ငြာသွားရိုက်နေတာ... ကြည့်ရတာ သူသိသွားပြီထင်တယ်"

စကားပြောရင်းနဲ့မှ ဂျောင်ကုလည်း ပါဆယ်ဘူးကိုဖောက်ကြည့်သည်...။ သူ့ရှေ့က ထယ်ယောင်းကတော့ ကလေးချီလျှက်သား...။ သားအဖနှစ်ယောက်လုံး သူလုပ်သမျှကို လိုက်ကြည့်နေပုံက အူကြောင်ကြောင်နိုင်လှလျက်...။

အထပ်ထပ်ထုပ်ပိုးထားတာကြောင့် သေချာလေးဆွဲခွာနေရသည်...။ ဘာပစ္စည်းမို့ ဒီလောက်ထိ ထုပ်ပိုးထားမှန်းမသိ...။ မဟုတ်မဟက်တွေ ပေးစရာတော့အကြောင်းမရှိ...။ သူမနဲ့ ကိုယ်ဟာ လွန်လွန်ကျူးကျူးဖြစ်ခဲ့တာ တစ်ခုမှမရှိတာကြောင့် သူ့လိပ်ပြာလုံသည်...။

~~STRING~~ (Completed)Where stories live. Discover now