အောက်ထပ်သို့ဆင်းလာတော့ သားက ထယ်ယောင်းသိပ်ထားတဲ့အတိုင်း ဆိုဖာပေါ်မှာပက်လက်ကလေး အိပ်ပျော်နေဆဲ...။
မနက်ထဲက အာဟာရမှုန့်သောက်ပြီး ဒီအချိန်ထိ ထမင်းမဝင်သေးတာကြောင့် သားအတွက်ဖြည့်စွက်စာလေးရယ် ပြီးတော့ သူတို့စားဖို့ညစာအတွက်တော့ ထွေထွေထူးထူးမလုပ်တော့ပါ...။ ကင်မ်ချီထမင်းကြော်ပြီး အမဲသားအသားပြားလေးကို ကင်လိုက်မည်...။ ထယ်ယောင်းက အင်္ဂလန်မှာ ကျောင်းတက်ခဲ့တာဆိုတော့ ဟင်းချက်တဲ့အပိုင်းမှာ အနည်းငယ်တော့အဆင်ပြေသည်...။ တစ်ယောက်တည်းနေခဲ့တဲ့အချိန်တုန်းက အမြဲချက်စားဖြစ်တော့ သိပ်ပြီးခက်ခဲမှုတော့မရှိ...။
~~~~~~STRING~~~~~~
အားလုံးပြီးစီးချိန်မှာတော့ ညနေ၆နာရီထိုးခဲ့ပြီ...။ သားကိုနှိုးကာ ရေချိုးပေးရမည်...။ ဂျွန်က အခုချိန်ထိပြန်မလာသေးတာကြောင့် သားကိုနှိုးကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်...။
တစ်နေကုန်အိပ်ထားရတော့ ဆန်လုံးလေးကအင်တင်တင်...။ တစ်နေကုန်ဈေးဝယ်ထွက်၊ အခန်းပြင်ရသည့်အပြင် မီးဖိုချောင်အလုပ်ပါ တွဲဖက်လုပ်လိုက်ရတော့ ထယ်ယောင်းလည်း ငြီးစိစိနဲ့...။
ဆန်လုံးလေးနဲ့အတူ ရေစိမ်ပြီးနောက်မှာတော့ အဝတ်အစားလဲနေတုန်း အောက်ထပ်ကနေ ကားသံကြားလိုက်ရတာကြောင့် အဝတ်လဲမှုကို အပြီးသတ်လိုက်သည်...။
သားကိုချီကာ အောက်ထပ်ဆင်းလာတော့ ဂျွန်က ဧည့်ခန်းထဲမှာဆိုဖာကိုမှီကာ မျက်လုံးတွေမှိတ်ထားသည့်ပုံဟာ ပင်ပန်းနေသည့်ဟန်ပါ...။
"ခေါင်းကိုက်နေသေးတုန်းလား ဂျွန်...??"
ဆန်လုံးလေးကိုချီကာ မျက်နှာချင်းဆိုင်ဆိုဖာရှေ့ဝင်ထိုင်တော့ ဂျွန်က မျက်လုံးတွေလှန်ကြည့်လာကာ အဖြေပေးလာသည်...။
"နည်းနည်းပင်ပန်းနေလို့ !!"
"ကိုယ်သံပုရာရည်ဖျော်ပေးမယ် ဂျွန်... ခဏစောင့်နော်"
ကလေးကိုချီကာ ထထွက်သွားဖို့ပြင်နေတဲ့ သားအဖအား လက်နဲ့ပဲလှမ်းတားလိုက်ရတယ်...။ ဒီလိုပင်ပန်းမှုမျိုးက ဂျောင်ကုအတွက်တော့ ဖြစ်နေကျပါ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 10
Start from the beginning
