အခန်းပြင်ရောက်မှ ထယ်ယောင်းသက်ပြင်းချနိုင်သည်...။ ရင်အစုံဟာ လှုပ်ခတ်လျှက် အခုထိအရှိန်မသေသေး...။ ဂျွန့်အကြည့်တွေက သာမန်လူတွေနဲ့မတူ နည်းနည်းလေးအကြည့်ချင်းဆုံမိတာနဲ့ ထယ်ယောင်းမှာ ကြက်သီးလေးတွေထမိတဲ့အထိ...။ ဒီလိုပုံစံမျိုးသာ ခဏခဏဆက်ဖြစ်နေရင် ထယ်ယောင်းလည်း နှလုံးရောဂါရသွားနိုင်သည်...။
"ကျစ် !"
အလုပ်ခုံပေါ်ထိုင်နေရပေမယ့် ဂျောင်ကုစိတ်မပါတော့...။ သူ့မျက်လုံးထဲစိုးမိုးနေသည်က ကင်မ်ထယ်ယောင်းရဲ့ ပုံရိပ်တွေသာ...။ ခုနက ကိုယ်နဲ့အကြည့်ချင်းဆုံပြီးနောက် သူ့မျက်နှာတွေ ရဲတက်လာတာကို တွေ့လိုက်ရတယ်...။ မဖြစ်သင့်ဘူးဆိုတာကိုသိပေမယ့် ခဏတာအချိန်လေးအတွင်း ဂျောင်ကုရင်ခုန်နေမိသည်...။ အဓိပ္ပါယ်ကောက်လွဲတဲ့ရင်ခုန်သံတွေ ဖြစ်ပါစေလို့သာ ဆုတောင်းမိပါသည်...။
....................................To Be Continued
(Zawgyi)
*Darling နဲ့ Darling ယောက်ျားအတွက်
အထူးစပါယ်ရှယ် မင်္ဂလာလက်ဖွဲ့တဲ့*
ပါးစပ်ကနေအသံထွက်ကာ ဖတ်ပြီးနောက်မှာတော့ ထယ်ယောင်း မျက်ခုံးလေးတစ်ချက် ပင့်တင်မိသည်အထိ...။ Darling လို့ခေါ်ပုံအရ ဒီအမျိုးသမီးလေးဟာ ဂျွန့်ရဲ့ချစ်သူကောင်မလေးပဲ ဖြစ်ပါလိမ့်မည်...။
ပါဆယ်ဘူးလေးအား ဧည့်ခန်းစားပွဲထက် အသာလေးချကာ ပစ္စည်းတွေအပေါ်သို့သယ်ရသည်...။ မင်္ဂလာလက်ဖွဲ့ပစ္စည်းဆိုသော်ငြား ထယ်ယောင်းမဖောက်ရဲပါဘူး...။ ဂျွန်ပြန်လာမှ ဂျွန့်ကိုပြပြီး ဖောက်ကြည့်တာပဲကောင်းသည်...။
ထယ်ယောင်းလည်း အိမ်ရှေ့တံခါးမကြီးအားပိတ်လျှက် သားအားဧည့်ခန်းထဲမှာ ခဏသိပ်ထားရသည်...။ မင်္ဂလာဦးအခန်းရဲ့တစ်ဖက်မှာတော့ ဧည့်သည်လာရင်တည်းဖို့ အခန်းလေးဖွဲ့ထားပေးသည်...။
ကုတင်တစ်လုံးအပိုရှိသည့်အပြင် အိပ်ယာ၊ စောင်ကအစ အဆင်သင့်...။ သားနဲ့နှစ်ယောက်နေရမှာဖြစ်တာကြောင့် အခန်းကိုသေချာရှင်းရမည်...။
တစ်ယောက်အိပ်အခန်းလို့မဆိုသာရအောင် ရေချိုးခန်း၊ အိမ်သာကအစ အခန်းလေးနဲ့ တွဲထားပေးသည်...။ မနက်ကဝယ်ခဲ့တဲ့ ကလေးကုတင်လေးကိုနေရာချကာ ပါလာသမျှကို နေရာလိုက်ချရသည်...။ အိမ်အသစ်ပေမို့ သိပ်ရှင်းစရာမလို...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 10
Start from the beginning
