"ရော့~~လက်ကအနာကိုလိမ်းဖို့"

လက်ထဲထိုးထည့်ပေးလာတဲ့ ညှစ်ဆေးတောင့်လေးအား သေချာလေးကြည့်နေမိသည်...။ သူလုပ်ခဲ့တဲ့ပြဿနာကို ပြန်ပြီးတာဝန်ယူတဲ့သဘောပေါ့လေ...။

"ဘာလဲ ဆေးမလိမ်းတတ်ဘူးလား...?? ပေး...ပေး... ကြည့်ရတာ အလိမ်းပေးခံချင်လို့ငြိမ်နေတဲ့ပုံနဲ့"

"မဟုတ်~~!"

လက်ထဲကဆေးတောင့်လေးအား ပြန်ဆွဲယူသွားကာ အင်္ကျီလက်အားဆွဲတင်လျှက် ကိုယ်တိုင်လိမ်းပေးနေတဲ့သူကြောင့် ဂျွန်လုပ်သမျှကို ထယ်ယောင်းငေးကြည့်နေလိုက်မိသည်...။

"အတင်းဖိပြီးမလိမ်းနဲ့~~အ့ !"

လက်မနဲ့အတင်းဖိကာ လိမ်းပေးနေတာကြောင့် နာသွားရကာ အသံပင်ထွက်တဲ့အထိ...။ ဂျွန့်မျက်နှာကိုသေချာကြည့်မိတော့ ဆေးလိမ်းတာကိုပဲ အာရုံရနေသည့်ဟန်...။

"ဖိလိမ်းမှ အသားထဲစိမ့်ဝင်မှာပေါ့... မနေ့ကပြဿနာရှာမိလို့ ဆေးပြန်လိမ်းပေးတာ... လိမ်းပေးချင်တယ်လို့ ထင်မနေနဲ့ဦး"

သူ့ဟာသူစကားတွေပြောကာ ဆေးလိမ်းပေးနေသည်...။ ထယ်ယောင်းကတော့ ဂျွန့်ကိုသေချာလေး အကဲခတ်နေမိသည်...။ ဂျွန်ဟာ ကိုယ်ထင်ထားတာထက်ကိုပိုပြီး ယောကျ်ားပီသပါသည်...။ ကိုယ့်ထက်အရပ်မြင့်သည့်အပြင် ခန္တာကိုယ်ချင်းကလည်း ဂျွန်က ကိုယ့်ထက်ပိုတောင့်သည်...။ မိန်းကလေးတွေပါးစပ်ဖျား နာမည်ကြီးတဲ့ CEO တစ်ယောက်ဖြစ်ပေလိမ့်မည်...။

"ပြီးပြီ..!!"

ကိုယ့်မျက်နှာကို တစ်ဖန်ပြန်လည်မော့ကြည့်လာတာကြောင့် ဂျွန်နဲ့ အကြည့်ချင်းဆုံသွားမိသည်...။ တစ်မိနစ်စာလောက် မလှုပ်မယှက်ကြီး ငေးနေမိကြတာကြောင့် ထယ်ယောင်းဘက်ကပဲ အကြည့်တို့အားရှောင်တိမ်းလိုက်ရသည်...။

"ကိုယ်သွားအိပ်တော့မယ်"

လက်ထဲကဆေးတောင့်လေးအား ဆတ်ကနဲဆွဲလုကာ အခန်းထဲကပြေးထွက်သွားတဲ့သူအား ဂျောင်ကုငေးကြည့်နေခဲ့မိသည်...။ ခဏလေးအတွင်း သူတို့ဘာဖြစ်ခဲ့လို့ သူက ဒီလိုပြေးထွက်သွားရတာလဲ...။ ဘီရိုထဲက အဝတ်အစားတွေကို ယူသွားဖို့တောင် မပြောလိုက်ရဘူး...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora