ဂျောင်ကုကြည့်နေတာကိုလည်း သတိထားမိပုံမပေါ်...။ ကြည့်ရတာ သူ့အိမ်ကနေ ကလေးသွားခေါ်လာခဲ့တာဖြစ်မည်...။

"အတွင်းရေးမှုးဂျောင်...!!! သူတို့နောက်ကနေ အသာလေးလိုက်သွား... အိမ်ပြန်ရောက်တဲ့အထိ သေချာကြည့်ခဲ့ပေး... လမ်းမှာ ဘာမှမဖြစ်စေနဲ့... သူတို့သားအဖက အူကြောင်ကြား... တစ်စက်ကလေးမှ စိတ်ချရတာမဟုတ်ဘူး"

Boss ခိုင်းတော့လည်း အင်းပေါ့...။ မလုပ်ပေးလို့မှမရတာ...။ သူများနောက် မရိပ်မိအောင်လိုက်ရတာ သူ့အတွက်တော့ ခက်ခဲပါသည်...။ ဂျောင်ဟိုဆော့ခမျာ အတွင်းရေးမှူးတာဝန်ကနေ Boss ယောကျ်ားနဲ့ကလေးအတွက် သက်တော်စောင့် လုံးလုံးဖြစ်မည့်ကိန်း...။

~~~~~~STRING~~~~~~

အိမ်ရှေ့ကားရပ်တော့ သားကလက်ပေါ်မှာ အိပ်ပျော်နေပြီဖြစ်သည်...။ ဝယ်ထားတဲ့ပစ္စည်းအပြင် အိမ်ကသယ်လာတဲ့အထုပ်ပါ ပါလာတာကြောင့် တစ်ယောက်တည်းသယ်လို့မဖြစ်...။ အိမ်တံခါးဖွင့်ကာ သားကိုဆိုဖာထက်အရင်သိပ်ရင်း ဦးလေးကြီးအား အကူအညီတောင်းရပါသည်...။

အားလုံးနေရာချလို့ပြီးတော့ ဦးလေးကြီးအား တက္ကစီခကို တနင့်ကြီးရှင်းလိုက်ရပါတော့သည်...။

"ပါဆယ်လာတယ်ဗျို့...!!!!"

အိမ်ထဲပြန်ဝင်ဖို့လုပ်တော့ ခြံရှေ့လာရပ်တဲ့ ဆိုင်ကယ်သမားကြောင့် ခြံရှေ့ထွက်ယူရပြန်သည်...။

"ဒီနေရာမှာ လက်မှတ်လေးထိုးပေးပါအကို"

deli ကောင်လေးပြန်ထွက်သွားတော့မှ ထယ်ယောင်းလည်း ပါဆယ်ဘူးလေးအားပိုက်ကာ အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်...။

ဘူးလေးက ပေါ့ပေါ့လေးဆိုပေမယ့် အထဲမှာဘာတွေထည့်ထားလဲတော့မသိ...။ သူလည်း ဘာမှမမှာထားမိတာကြောင့် ဂျွန်မှာထားတာပဲဖြစ်မလား...။ ဘူး‌ပေါ်မှာ စာတန်းလေးကပ်ထားတာကြောင့် ထယ်ယောင်းဖတ်ကြည့်မိတော့ မျက်ခုံးလေးတွေ ပင့်မိသွားရသည်...။

Darling နဲ့
          
          Darling ယောကျ်ားအတွက်
               
                  အထူးစပါယ်ရှယ်မင်္ဂလာလက်ဖွဲ့
   
                                 (ဂျူယောင်းမှ....) တဲ့။

~~STRING~~ (Completed)Where stories live. Discover now