ပစ္စည်းတွေသေချာသိမ်းပြီး ဆန်လုံးလေးကို ရေသေချာချိုးပေးကာ ထယ်ယောင်းပါတခါတည်း ရေဝင်ချိုးလိုက်သည်...။
အထုတ်ပြင်တော့ ထယ်ယောင်းရဲ့အဝတ်အစားက အနည်းငယ်သာ...။ သားအဝတ်အစားက ပိုများပါသည်...။ ကလေးကိုချီကာ luggage အိတ်ကိုင်လျှက်ဆင်းလာတော့ အောက်ထပ်မှာမေမေထိုင်နေဆဲ...။
"အမလေး အဝတ်စားတွေယူသွားစရာမလိုပါဘူး... နင့်ယောက္ခမက အဝတ်အစားကအစ အားလုံးစီစဉ်ထားပေးပြီးသား"
မေမေကပါ ကြိုသိနေတော့မအံ့သြတော့ပါ...။ ဒီမနက် အဲ့ဒီအခန်းထဲ သူမှမဝင်ဖြစ်ခဲ့ပဲ...။ ခြံရှေ့ရောက်တော့ တက္ကစီဦးလေးကြီးက အဆင်သင့်ပင်...။ အထုတ်ကိုနောက်ခန်းထဲထည့်ကာ သားကိုချီလျက် ရှေ့ခန်းတွင်ဝင်ထိုင်ပြီးနောက်မှာတော့.....
"နီးနီးနားနားက mall တစ်ခုကိုမောင်းပေးပါ...
ပြီးရင် အဲ့ဒီရှေ့မှာလည်း စောင့်ပေးပါဦး"
မီးဖိုချောင်အတွက်အနည်းငယ်လိုအပ်တာရယ် သားအတွက် ကလေးကုတင်လေးရယ် ပြီးတော့အိမ်အတွက် လိုအပ်တာလေးတွေလည်း ဝယ်ရမည်...။
~~~~~~STRING~~~~~~
ဒီနေ့ center တစ်ခုလုံးလိုက်စစ်ရမှာဖြစ်တဲ့အတွက် ဂျောင်ကုအနည်းငယ်ပင်ပန်းနေသည်...။ သူ့အလုပ်က တော်တော်များသည်...။ ဒီတစ်ခုတည်းမဟုတ် ကုမ္ပဏီလို လှည့်ကြည့်ရသလို ဒီ shopping center ကြီးကိုလည်း ပစ်ထားလို့ကမရ...။
မနက်က ပျားရည်နွေးနွေးကြောင့် ခေါင်းတော့မကိုက်တော့ပါ...။ သူပြောသလို စေတနာတွေနဲ့ဖျော်ထည့်ပေးခဲ့လို့ ဖြစ်ချင်ဖြစ်မှာပေါ့လေ...။
အောက်ထပ်ကိုစစ်ပြီးနောက်မှာတော့ အပေါ်သို့တက်လာခဲ့လိုက်သည်...။ သူ့အနောက်မှာတော့ အတွင်းရေးမှူးဂျောင်က တကောက်ကောက်ပေါ့...။
ကလေးအသုံးဆောင်တွေဘက်ရောက်တော့ မျက်လုံးထဲဝင်လာသည့် အရိပ်လေးနှစ်ခုကြောင့် ခြေလှမ်းတွေကို ရပ်တန့်လိုက်မိသည်...။
မနေ့ကမှ သူအသစ်စက်စက်လက်ထပ်ထားတဲ့ အိမ်ထောင်ရှင်လေးပေါ့...။ ပေါက်စလေးကို ဈေးဝယ်ခြင်းထဲထည့်ကာ ကလေးကိုစကားတပြောပြောနဲ့...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 9
Start from the beginning
