အိမ်ထဲဝင်လာတော့ မေမေက ဧည့်ခန်းထဲမှာ ခြေချိတ်ထိုင်လျှက် တီဗွီသာကြည့်နေသည်...။ မေမေ့ရှေ့က ဆိုဖာပေါ်မှာတော့ ဆန်လုံးလေး...။
ကလေးအာဟာရမှုန့်ကို ဆန်လုံးလေးက ကိုယ်တိုင်ခပ်စားနေတာကြောင့် မျက်နှာတစ်ခုလုံးပေပွလျှက် ကြောင်ချီးရုပ်လေးနှင့်ခပ်ဆင်ဆင်...။
လည်ပင်းမှာချည်ထားပေးတဲ့ သားရည်ခံလေးမှာလည်း အာဟာရမှုန့်တွေဟာ ပေပွလူးလို့နေတယ်...။ အိမ်ကကောင်မလေးတွေကိုလည်း အပြစ်ပြောလို့မရ...။ ဒီအချိန်ကသူတို့ မီးဖိုချောင်ထဲအလုပ်ရှုပ်တဲ့ချိန်...။
"ဖေ့...ချီ...ချီ"
လက်နှစ်ဖက်ကိုဆန့်တန်းပေးလာတာကြောင့် သားကိုချီကာ ဆိုဖာထက်ဝင်ထိုင်လိုက်တော့ မေမေက တန်းမေးသည်...။
"ဂျောင်ကုနဲ့ အဆင်ပြေအောင်နေရဲ့လား...??"
"နေပါတယ်မေမေ"
ဖေဖေကတော့ ဒီအချိန်ကုမ္ပဏီမှာပဲနေမှာပေါ့...။
"အေး... အလိုက်ထိုက်နေပေါ့...
သူစိတ်ပျက်အောင် မလုပ်မိစေနဲ့"
"ကျွန်တော် အတတ်နိုင်ဆုံးနေပါတယ်မေမေ"
မေမေနဲ့စကားပြောနေပေမယ့် လက်ထဲက ဆန်လုံးလေးဟာအငြိမ်မနေ...။ ထယ်ယောင်းမျက်နှာကို ပေပွနေတဲ့နှုတ်ခမ်းတွေနဲ့ တရွှတ်ရွှတ်လိုက်နမ်းပြီး အင်္ကျီတွေလိုက်ဆွဲချပြန်သည်...။
"ဖေ့...နာနာ...နာနာ"
လည်ပင်းကို လက်ညှိုးတွေထိုးပြနေတာကြောင့် ထယ်ယောင်း ရှက်သွားရသည်...။ ညက ဂျွန်ပေးထားတဲ့ အရာတွေက အခုထိထင်ကျန်နေဆဲဖြစ်လိမ့်မည်...။ အမှုမဲ့အမှတ်မဲ့ စိတ်လောနေတာကြောင့် မှန်ပင်မကြည့်မိခဲ့...။
"အိမ်ကိုလာတာ မှန်လေးဘာလေးကြည့်ခဲ့ရဲ့လား"
မေမေကပါ ထယ်ယောင်းကိုစူးစိုက်ပြီး ကြည့်လာတာကြောင့် အနေရထိုင်ရခက်ကာ ပိုပိုပြီးရှက်လာမိသည်...။ ဒါကြောင့်ကလေးကိုချီထုတ်ကာ အိမ်ပေါ်ထပ်သို့သာ ပြေးတက်လာခဲ့မိသည်...။ သားကိုချီကာ မှန်ရှေ့မိမိပုံစံကိုသေချာကြည့်မိမှ ပါးစပ်အဟောင်းသား ဖြစ်ရသည်...။ နီရဲရဲကိုက်ရာနှစ်ခုဟာ လည်တိုင်ထက်မှာထင်းလျှက်...။ ဒီပုံစံကြီးနဲ့ တမနက်လုံး ဂျွန့်ရှေ့မှာနေခဲ့မိတာပဲ...။ ရှက်လွန်းလို့ သေသာသေလိုက်ချင်တော့သည်...။
ВЫ ЧИТАЕТЕ
~~STRING~~ (Completed)
Любовные романыအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 9
Начните с самого начала
