ကိုယ့်လက်ကို ဖမ်းကိုင်ထားတဲ့သူ့လက်အား တစ်ချက်ကြည့်လိုက်တော့ သူသဘောပေါက်သွားကာ ချက်ချင်းပြန်ရုတ်သိမ်းလိုက်တယ်...။

"ဆောရီး..."

"ကျုပ် ဟိုမှာပဲစားလိုက်တော့မယ်"

"အဲ့ဒါဆိုလဲ ဒါလေးသောက်သွားပါ ဂျွန်"

စားပွဲဝိုင်းဘက်သို့ပြေးသွားကာ ခွက်လေးတစ်ခွက်အား ပြန်ယူလာသည်...။ လက်ထဲထိုးထည့်ပေးလာတာကြောင့် တစ်ချက်ကြည့်ကာ မော့သောက်လိုက်ပါသည်...။

"ကိုယ့်စေတနာတွေထည့်ဖျော်ထားတာမို့ ဂျွန် ခေါင်းကိုက်တာတွေ သက်သာလာမှာပါ"

သူ့လက်ထဲခွက်လေးပြန်ထိုးထည့်ပေးကာ လှည့်ထွက်လာခဲ့လိုက်သည်...။ ပါးစပ်ထဲစွဲကျန်ခဲ့သည့် ချိုမြမြအရသာလေးနှင့်အတူ ဂျောင်ကုမျက်နှာထက်မှာလည်း အပြုံးလေးတစ်ခုဖြစ်ထွန်းလျက်...။

~~~~~~STRING~~~~~~

ဂျွန်ထွက်သွားပြီးခဏကြာတော့ ဆေးစရာရှိတာတွေဆေးကြောကာ မီးတွေလိုက်ပိတ်ရသည်...။ အိမ်ကိုပြန်ရဦးမည်...။ ဆန်လုံးလေးက ဒီချိန်ဆို ထယ်ယောင်းကို မျှော်နေတော့မှာ...။

အိမ်တံခါးသော့ခတ်ပြီးနောက်မှာတော့ လှေကားထစ်တွေအတိုင်းပြေးဆင်းပြီး အိမ်ရဲ့အပြင်အဆင်ကို တစ်ချက်ပြန်ကြည့်မိတော့ ပါးစပ်အဟောင်းသားဖြစ်ရပြန်သည်...။

ကိုယ်တိုင်ဒီဇိုင်းဆွဲပေးခဲ့တဲ့အိမ်လေးဟာ ထယ်ယောင်းရဲ့ မင်္ဂလာဦးအိမ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ...။

အိမ်ဆိုတာ နွေးထွေးလုံခြုံမှုတွေ ပေးနိုင်စွမ်းရှိတယ်...။ မေတ္တာတရားတွေ ထပ်ပေါင်းထည့်လိုက်ရင်တော့ အရာရာဟာ ပြီးပြည့်စုံပြီးခမ်းနားသွားမှာ အသေအချာပေါ့...။ ၆လသာနေရမယ့်ဒီအိမ်လေးထဲမှာ အမှတ်တရကောင်းလေးတွေ ဖန်တီးချင်ပါသေးသည်...။

အိမ်နဲ့ကားလမ်းက အလှမ်းဝေးလှတာမို့ လမ်းထိပ်ထိရောက်အောင် နည်းနည်းလျှောက်ရပါသည်...။

ကားရပ်တော့ တက္ကစီဦးလေးကြီးအား အိမ်ရှေ့မှာပဲစောင့်ခိုင်းထားရသည်...။ ထယ်ယောင်းရဲ့အသုံးအဆောင်တွေရယ် သားပစ္စည်းတွေရယ်ကို ယူသယ်ရမှာမို့ ကားကိုတခါတည်းငှားလိုက်တာက ပိုအဆင်ပြေသည်လေ...။

~~STRING~~ (Completed)Where stories live. Discover now