ဘီရိုတံခါးအားဆွဲဖွင့်လိုက်တော့ ဂျောင်ကုဝတ်တတ်တဲ့ အင်္ကျီတွေဟာ တစ်ဖက်ဘီရိုနှင့်အပြည့်...။ တစ်ဖက်ကိုဆွဲဖွင့်ကြည့်တော့ ကင်မ်ထယ်ယောင်းအတွက် ဖြစ်မည်ထင်သည်...။ အရောင်နုနုမွှေးပွဆွယ်တာလေးတွေဟာ ဘီရိုနှင့်အပြည့်...။ ဘောင်းဘီအကန့်ကသတ်သတ်...။ အတွင်းခံထည့်တဲ့အကန့်ကသတ်သတ်...။ ကြည့်ရတာ မေမေပဲသူ့အတွက် အကုန်စီစဉ်ပေးထားပုံပါ...။

အဝတ်အစားလဲပြီး အောက်ထပ်ကိုဆင်းလာတော့ နှာခေါင်းထဲတိုးဝင်လာသည်က ပေါင်မုန့်မီးကင်ရနံ့...။ kitchen ထဲမှာ ကင်မ်ထယ်ယောင်းရှိလောက်တာကြောင့် ခြေလှမ်းကို ဦးတည်လိုက်တော့သည်...။

"ဂျွန် နိုးနေပြီလား... ခေါင်းတွေ‌ကိုက်သေးလားဟင်...??"

ကိုယ့်ကိုတွေ့တော့ သူက အနားကိုပြေးလာသည်...။ မနေ့က ဝတ်ထားတဲ့အင်္ကျီကတော့ ခုထိမလဲရသေး...။ မျက်နှာကတော့ လန်းလန်းဆန်းဆန်းပါပဲ...။ စားပွဲခုံရှည်မှာတော့ breakfast ကအဆင်သင့်...။

"အင်း....နည်းနည်းကိုက်နေသေးတယ်"

အခုထိ‌ဂျောင်ကု ခုံမှာဝင်မထိုင်ရသေး...။ မျက်စိရှေ့မှာရပ်နေတဲ့သူကို ခေါင်းအစခြေအဆုံး လိုက်အကဲခတ်နေမိသည်...။ လည်ပင်းနားအရောက် မြင်လိုက်ရတဲ့အရာကြောင့် ဂျောင်ကုမနေတတ်တော့...။ သူ့လည်ပင်းပေါ်မှာ marking ပေးထားတဲ့ နီရဲရဲအမှတ်နှစ်ခုက အထင်းသားပင်...။ ဒါကိုသူသိတောင်သိရဲ့လား...။

ဂျောင်ကုမှာတော့ အဲ့ဒါကိုမြင်ပြီးထဲက တစ်ကိုယ်လုံးထူပူပြီး စိတ်တွေလည်းမလုံတော့...။ သူညက နမ်းတာထက်ဆိုးတဲ့အဆင့်တက်မှုတွေ ဖန်တီးခဲ့မိသလားလို့ အကြိမ်ကြိမ်စဉ်းစားနေမိသည်...။

"လာလေ ဂျွန်... ကိုယ် breakfast ပြင်ထားပေးတယ်... အမူးပြေအောင် ပျားရည်နွေးနွေးလေးပါ ဖျော်ထားပေးတယ်... ခေါင်းကိုက်နေရင် အလုပ်လုပ်နိုင်မှာမဟုတ်ဘူး"

သူကတော့ ကိုယ့်ရှေ့ကနေ တတွတ်တွတ်ပြောနေသည်...။ ဂျောင်ကုနားထဲမှာတော့ လေတွေပင်ထွက်လာသည်အထိ ခေါင်းထဲထိပါထူပူလျှက်...။ သူ့ကိုမေးကိုမေးမှဖြစ်တော့မည်...။ မဟုတ်ရင် အဲ့စိတ်ကြီးနဲ့တစ်နေကုန်နေလို့ရမှာမဟုတ်...။

~~STRING~~ (Completed)Where stories live. Discover now