အတွေးတို့အား လက်စသပ်ကာ breakfast ပြင်ဖို့လုပ်ရတော့သည်...။ ကုမ္ပဏီသွားရမယ့်သူရှိတာကြောင့် မြန်မြန်လေးလုပ်မှဖြစ်မည်...။ သူများတွေလက်ထပ်ပြီးရင် honeymoon ထွက်ကြပေမယ့် ဂျွန်ကတော့ တစ်ရက်လေးပင်မနား...။ အလုပ်သရဲလေးပဲဖြစ်ရမည်...။
အမူးပြေသောက်ဖို့ ပျားရည်နွေးနွေးလေး ဖျော်ပေးရမည်...။ ဂျွန့်ဘက်ကငြိုငြင်ရင်တောင် ကိုယ့်မှာလုပ်ပေးရမယ့်ဝတ္တရားတွေရှိသည်...။ အိမ်ထောင်ကျပြီးရင် နှစ်ယောက်သား တစ်အိုးတစ်အိမ်ထူထောင်ရတယ်ဆိုပေမယ့် ထယ်ယောင်းတို့ကျတော့ ပူစရာပင်မလို...။ အရာရာအားလုံးအဆင်သင့်...။ မီးဖိုချောင်မှာလိုအပ်တာကအစ လစ်ဟင်းမှုမရှိအောင်စီစဉ်ပေးတတ်တဲ့ ဂျွန့်မေမေကို ကျေးဇူးတွေတင်မိသည်...။
~~~~~~STRING~~~~~~
"အား~~~ကျွတ်~~ကျွတ် !!"
ခေါင်းတွေအဆမတန်ထိုးကိုက်နေတာကြောင့် နားထင်နှစ်ဖက်ကို လက်နဲ့အသာလေးနှိပ်ရင်း ဂျောင်ကုအိပ်ယာပေါ်ကနေ ထထိုင်လိုက်သည်...။ ညက သူတော်တော်သောက်ခဲ့တာပဲ...။ ပုလင်းလိုက်ကို မော့ချခဲ့တာ...။ ပြီးတော့အိမ်ကိုပြန်ရောက်လာတယ်...။
ကင်မ်ထယ်ယောင်းနဲ့ စကားတွေများကြတယ်...။ ပြီးတော့သူ့ကို အိပ်ယာထဲထိ လာပို့ပေးခဲ့တာပဲ...။ ညကပုံရိပ်တွေဟာ မျက်လုံးထဲတစ်ကွက်ပြီးတစ်ကွက်...။ သို့ပေမယ့် သူအိပ်ယာပေါ်ရောက်ပြီး ဘာဆက်ဖြစ်ကြမှန်း မသိလိုက်အောင်ထိ အသိစိတ်တွေပျောက်နေခဲ့တာ...။
ခန္တာကိုယ်ကို ပြန်စစ်ကြည့်တော့ အကောင်းတိုင်းပါပဲ...။ အပေါ်ဝတ်အင်္ကျီက ကုတင်အောက်ကြမ်းပြင်မှာ အပုံလိုက်လေး...။ ဘေးဘီဝဲကြည့်မိတော့ ကင်မ်ထယ်ယောင်းကို အစအနလေးပင်မတွေ့...။ ကုတင်အောက်ကြမ်းပြင်မှာတော့ နှင်းဆီပွင့်ဖက်လေးတွေက တစ်စစီပြန့်ကြဲလျှက်...။
တွေးလေတွေးလေ ခေါင်းတွေပိုပိုကိုက်လာလေပဲ...။ ကုမ္ပဏီသွားဖို့ကလည်း ရှိသေးသည်...။ မနေ့က တစ်ရက်လေးပျက်လိုက်တာနဲ့ ဘယ်လောက်တောင်နစ်နာလိုက်သလဲ...။ ရေချိုးအဝတ်အစားလဲပြီးရင်တော့ ကင်မ်ထယ်ယောင်းနဲ့ စကားခဏပြောရမည်...။ သူ့အပေါ်ဘာတွေဒုက္ခပေးခဲ့မိလဲမသိတာကြောင့် အမှားကြီးရင်တော့ တောင်းပန်ရမှာပေါ့...။ ဂျောင်ကုအကျင့်က မူးကွဲလာရင် သွေးဆိုးတတ်သည်...။ ဟိုကောင်တွေဆို ဂျောင်ကုမူးနေရင် အနားပင်မကပ်ရဲကြ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 9
Start from the beginning
