ခဏကြာတော့ နမ်းတာကိုရပ်သွားတာကြောင့် အသက်ဝဝရှူနေတုန်းမှာပဲ လည်တိုင်ထက် ဖိကပ်လာပြန်တဲ့နှုတ်ခမ်းတစ်စုံကြောင့် ကြက်သီးတို့ ဖြန်းကနဲ...။

စုပ်ယူကာ အတင်းနမ်းရှိုက်နေတာကြောင့် အားတွေပင်လျော့လာသလို...။ နမ်းနေရင်းရုတ်တရက် ရပ်တန့်သွားတာကြောင့် ထယ်ယောင်းလည်း ဂျွန့်အားတွန်းထုတ်ကာ ထထိုင်လိုက်တော့ ဂျွန်က အိပ်ပျော်သွားလေပြီ...။ အခုလိုကျပြန်တော့ ဂျွန်ဟာ သူမဟုတ်သည့်အတိုင်း...။

ဒီတော့မှ ထယ်ယောင်းအခန်းထဲက‌ ပြေးထွက်ကာ ဆိုဖာပေါ်ဝင်ထိုင်ရင်း အသက်ဝဝရှူရပါတော့သည်...။ မနက်မိုးလင်းတာနဲ့ သားကိုသွားခေါ်ရမည်...။ ဒီအခန်းထဲမှာတော့ ဂျွန်နဲ့အတူမနေရဲပါ...။ သားကိုသွားခေါ်ရင်းနဲ့မှ ယူစရာရှိတာယူရင်း shopping ထွက်ကာ လိုအပ်တာတွေဝယ်ရမည်...။

အခုထိရင်တုန်တာ မပျောက်သေးတာကြောင့် ဆိုဖာထက်ဝင်လှဲကာ မှိန်းရင်း နှုတ်ခမ်းလေးအား လက်ဖြင့်အသာလေးတို့ထိနေခဲ့မိပါသည်....။

...................................To Be Continued







(Zawgyi)

ရေချိုးခန်းတံခါးအား ဖွင့်သံကြားတာကြောင့် နာရီဝတ်နေရင်းတန်းလန်းဖြင့် သူတစ်ချက်ငေးကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းဟာ ကိုယ်ဝယ်ထားပေးတဲ့ ဆင်စွယ်ရောင်ဆွယ်တာအဖြူလေးနဲ့ ပနံသင့်လှစွာဖြင့်...။

နဂိုထဲက ကြည့်ကောင်းချောမောသူမို့ ဘာဝတ်ဝတ်လိုက်ဖက်ပါသည်...။ မနက်က အစ်မကြီးဆိုးပေးလိုက်တဲ့ အညိုရောင်ဆံပင်တွေကြောင့် မျက်နှာလေးက ပိုပြီးရှင်းသန့်နေသည်...။

"အဟမ်း~~!! အောက်မှာဧည့်သည်တွေရောက်နေကြပြီ"

ချောင်းတစ်ချက်ဟန့်ကာပြောပြီးတာနဲ့ ဂျောင်ကုလည်း အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်...။ သူ့မျက်နှာကို ကြာကြာမကြည့်ချင်ပါ...။ အကြောင်းပြချက်က ဘာလဲလို့မေးရင် ဂျောင်ကုလည်း အဖြေရှာမရဘူး...။

နက်ပြာရောင် suit နှင့် ဆံပင်ကိုလှန်သိမ်းထားတဲ့ ဂျွန်ဟာ ရင့်ကျက်မှုအသွင်နဲ့ တစ်မျိုးလေး ကြည့်ကောင်းနေပြန်သည်...။ ဂျွန်က ရှေ့ကနေသွားနှင့်တာကြောင့် ထယ်ယောင်းလည်း နောက်ကနေလိုက်တော့ ဂျွန့်ဆီကနေ ယောက်ျားဆန်တဲ့ green tea နံ့သင်းသင်းလေးက လမ်းလျှောက်တိုင်းမှာစွတ်ပျံ့လျှက်...။

~~STRING~~ (Completed)Where stories live. Discover now