ပူးနေတဲ့ ငှက်ကလေးနှစ်ကောင်မှာ ပုံပျက်သွားသည့်အပြင် အသဲပုံဖော်ထားတဲ့နှင်းဆီပွင့်ဖက်လေးများဟာလည်း ကုတင်အောက်ကြမ်းပြင်သို့ လွင့်ကနဲ ပြန့်ကြဲကုန်တော့လေသည်...။

ထယ်ယောင်းကမန်းကတမ်းကုန်းရုန်းထကာ ဂျွန့်ကို အဝတ်အစားတွေချွတ်ပေးဖို့ ပြင်ရတယ်...။ necktile ကြောင့် အသက်ရှူရကြပ်နေလိမ့်မည်...။ အမူးသမားလေးကတော့ ပြန်ပင်မပြောနိုင်တော့...။ အင်္ကျီအား ကြယ်သီးဖြုတ်ပေးပြီးနောက် necktile ဆီ
လက်လှမ်းတုန်းမှာပဲ~~~

"အ့ !! "

လက်အား ဖမ်းဆွဲကာ တတိတိသွားနဲ့လိုက်ကိုက်နေတဲ့ ဂျွန်ကြောင့် ထယ်ယောင်းနာကျင်စွာ အော်လိုက်မိသည်...။ ညာဘက် လက်ကောက်ဝတ်မှာ ရုန်းမရအောင်ရှိလှပြီး လက်ဖျံတစ်ခုလုံး တတိတိလိုက်ကိုက်နေသည်မှာ တစ်ချက်ရပ်မသွား...။ အင်္ကျီခံထားပေမယ့် အားသုံးကာအကိုက်ခံရတာကြောင့် သွေးပင်စို့နေလောက်ပြီ...။

"အ့ ~~နာတယ် ဂျွန်ရဲ့... လွှတ်ပါဦး~~အင့် !"

ရုတ်တရက် ကိုက်နေတာကိုရပ်ကာ လက်အားဆောင့်ဆွဲလိုက်တာကြောင့် ထယ်ယောင်းကိုယ်လေး ဂျွန့်ကိုယ်ပေါ်ပစ်လဲလေသည်...။ ချက်ချင်းပင် ခါးကိုသိုင်းဖက်ကာ ကုတင်ပေါ်သို့ တစ်ပတ်လှိမ့်လိုက်တာကြောင့် ထယ်ယောင်းက သူ့အောက်ဘက်သို့ရောက်သွားရသည်...။

ဒီအခြေအနေက ဘာကြီးလဲ...။
ထယ်ယောင်းကြောက်လို့အသံပင်မထွက်ရဲ...။
တဖြေးဖြေးနီးကပ်လာတဲ့ မျက်နှာတစ်ခုကြောင့် မျက်လုံးတို့ကိုသာ အတင်းဖိပိတ်လိုက်ပါသည်...။

နွေးထွေးအိစက်လှတဲ့ အထိအတွေ့တစ်ခုကြောင့် အိပ်ယာခင်းစကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်...။ ဂျွန်က ထယ်ယောင်းကို အမဲဖျက်သလိုမျိုး အငမ်းမရနမ်းသည်...။ ထယ်ယောင်းဘက်ကနေ တုန့်ပြန်ခြင်းမရှိတာကြောင့် ဒေါသထွက်နေသည်ထင်ပါရဲ့...။

အတွင်းထဲသို့တိုးဝင်ခွင့်ပေးလိုက်တော့ လျှာဖျားချင်းထိကာ ကလူကမြူလုပ်ပြန်တယ်...။ အချိန်ကြာလာ‌‌တော့ ထယ်ယောင်းအသက်ရှူရကြပ်လာတယ်...။ ဂျွန်က‌တော့ အခုထိ နမ်းတာကိုရပ်ပေးမည့်ပုံမပေါ်...။

~~STRING~~ (Completed)Where stories live. Discover now