"ဖယ်စမ်းပါ!! ခင်ဗျားကို ကျုပ်အသားမထိပါနဲ့လို့ ပြောထားတယ်မလား...??"

သူ့ကိုတွန်းထုတ်လိုက်ပေမယ့် မူးနေတဲ့အရှိန်ကြောင့်သူကမလဲဘဲ ကိုယ်ကပဲ ဟန်ချက်မညီတာကြောင့် ကြမ်းပြင်ပေါ်ဘိုင်းကနဲပစ်လဲလေသည်...။ ဂျောင်ကုတော်တော်နဲ့ပြန်မထနိုင်...။ ဝိုင်ရဲ့ရီဝေမှုက အခုမှပိုပိုပြီး အရှိန်တွေတက်လာသလိုပဲ...။

"ဂျွန် ထပါဦး... ကိုယ်ကူတွဲပေးမယ်"

"မထိပါနဲ့ဆို !!"

လက်ကိုလာတွဲထူတာကြောင့် ပြန်ခါထုတ်ပြီး ကိုယ်တိုင်ရအောင်ထသည်...။ လှေကားဘက်သို့ ခြေလှမ်းတွေဦးတည်တော့ သူကကိုယ့်နောက်ကနေ တကောက်ကောက်လိုက်လာပြန်သည်...။

"ဂျွန် ကိုယ့်ကို ဘာလို့မုန်းနေရတာလဲ...??
ကိုယ်ဘာတွေ လုပ်မိလို့လဲ...?? ဟိုနေ့ကကိစ္စအတွက်ဆို ကိုယ်တောင်းပန်ပါတယ်... ကိုယ်တစ်ခါမှ မသောက်ဖူးတဲ့အတွက် ဂျွန့်ကို ဒုက္ခပေးသလိုဖြစ်မိသွားတယ်... ဟန်ဆောင်လက်ထပ်ထားကြတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် မုန်းနေဖို့မှမဟုတ်တာ"

သူက အနောက်ကနေ တတွတ်တွတ်ပြောနေပေမယ့် မူးနေသည့်အရှိန်ကြောင့် မကြားသည်ကခပ်များများ...။ လှေကားလက်ကိုင်ကို လှမ်းကိုင်လိုက်ပေမယ့် အမြင်တွေဝေဝါးနေတာကြောင့် အောက်သို့တဖန်ပြုတ်ကျကာ ပစ်လဲပြန်သည်...။ ဒီတစ်ခါတော့ ဂျောင်ကု လုံးဝမထနိုင်တော့ပါ...။

လှေကားရင်းဘက်မှာ မှောက်ခုံကြီးပစ်လဲနေတဲ့သူကြောင့် ထယ်ယောင်းသွားထူပေးမှရတော့မယ်...။ ဒီပုံစံနဲ့ဆို ဒီနေရာမှာတင် မိုးလင်းသွားနိုင်သည်...။

"ဂျွန် ထပါဦး !!"

"အင်း~~မထိနဲ့ "

အတင်းကိုဖယ်ချနေပေမယ့် မသိချင်ယောင်ဆောင်ကာ ဆွဲထူရင်း ထယ်ယောင်းလည်း ကြိုးစားပြီး လှေကားပေါ်တက်ရတော့သည်...။

"အဲ့ဒါတွေနောက်မှထား... အခုအခန်းထဲသွားရအောင်... ကိုယ့်ကိုသေချာကိုင်ထား... ဂျွန် ရုန်းနေရင်နှစ်ယောက်လုံးပြုတ်ကျပြီး ခေါင်းကွဲလိမ့်မယ်"

လှေကားလက်ကိုင်အားထိန်းကိုင်ကာ ဂျွန့်အား တွဲလျက် အပေါ်သို့ရောက်အောင် ထိန်းပြီးတက်ရသည်...။ အိပ်ခန်းထဲရောက်တော့ အမူးသမားဟာ ခေါင်းပင်မထောင်နိုင်ပဲ ထယ်ယောင်းပခုံးပေါ် မေးတင်လျက်မှေးနေတာကြောင့် ကုတင်ပေါ်သို့ အသာလှဲချပေးဖို့ပြင်လိုက်ပေမယ့် အရှိန်မထိန်းနိုင်ပဲ ကုတင်ပေါ်နှစ်ယောက်သား ပစ်လဲကျလေတော့သည်...။

~~STRING~~ (Completed)Where stories live. Discover now