ခြောက်ခြားစရာကောင်းတဲ့ ဒီလိုနေရာမျိုးမှာ တစ်ယောက်တည်းမနေရဲလှတာကြောင့် အောက်ထပ်သို့ ထယ်ယောင်းပြန်ဆင်းလာခဲ့လိုက်သည်...။

အမှန်တိုင်းဝန်ခံရရင် ထယ်ယောင်းကြောက်နေသည်...။ တက္ကစီငှားတုန်းကလည်း ရင်တမမနဲ့...။ ဂျွန်ကလည်း အခုချိန်ထိကိုပြန်မလာသေးဘူး...။ သားသာ ထယ်ယောင်းအနားရှိပါက ကြောက်မယ့်အချိန်တောင်ရှိပါ့မလားပဲ...။ ဆန်လုံးလေးကိုသတိရတယ်...။ ကိုယ့်ကိုမတွေ့ရလို့ ငိုနေလေမလား...။

dinning room ထဲဝင်လိုက်တော့လည်း ထယ်ယောင်းမှာ မျက်လုံးအပြူးသားဖြစ်ရပြန်သည်...။ kitchen နဲ့တွဲထားတဲ့ bar အသေးစားလေးတစ်ခု...။ ဒါတွေအားလုံးဟာ ဂျွန့်မေမေစီစဉ်ထားတာတွေပဲ ဖြစ်ရမည်...။

ဝိုင်ပုလင်းတွေအား လက်ဖြင့်လိုက်ထိကြည့်မိနေတုန်းခဏမှာပဲ နောက်ကနေထွက်လာတဲ့အသံတစ်ခု...။

"ဘယ်အချိန်က ပြန်ရောက်နေတာလဲ...??"

နောက်ကျောဘက်ဆီကနေထွက်လာတဲ့ သြရှရှအသံတစ်ခုကြောင့် ကြက်သီးတွေဖျင်းကနဲ...။ ထယ်ယောင်းရဲ့နား နားထိတိုးကပ်ပြီးပြောနေသလို သူ့ဆီကနေ ဝိုင်နံ့လိုလို အရက်နံ့တွေရနေတယ်...။

"မေးနေတယ်လေ !!"

လေသံက ခက်ထန်လွန်းလှတာကြောင့် ကြောက်စိတ်တွေဝင်ကာ မျက်ရည်ပင်ဝဲတဲ့အထိ...။ တစ်ယောက်ယောက်သာ အိမ်ထဲခိုးဝင်လာပါက ထယ်ယောင်းတော့မတွေးရဲစရာပဲ...။ ဂျွန်ကလည်း အခုချိန်ထိပြန်မလာသေး...။

"တောက်စ် !!"

ကိုယ်မေးတာကိုပြန်မဖြေပဲ ငူငူကြီးရပ်နေတာကြောင့် စိတ်မရှည်သည့်အဆုံး ခန္တာကိုယ်တစ်ဖက်သို့ ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်လိုက်တော့.....

"ဂျွန် !!"

အံ့ဩသွားဟန်နဲ့ ချက်ချင်းပင်မျက်ရည်တွေဝဲကာ ဂျောင်ကုရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့သူကြောင့် ပိုပြီးစိတ်အိုက်မိသည်...။ ပြီးတော့နှုတ်မှနေလည်း တတွတ်တွတ်ပြောဆိုနေသေးသည်....။

"ကိုယ်ကြောက်နေခဲ့တာ... ဂျွန့်ကိုစောင့်နေတာ အကြာကြီးပဲ... ဂျွန်သိရဲ့လား...??"

~~STRING~~ (Completed)Where stories live. Discover now