ကိုယ်နမ်းလိုက်တာကို ချက်ချင်းတွန်းထုတ်လာတဲ့ ကင်မ်ထယ်ယောင်းရဲ့မျက်နှာဟာ ညမီးရောင်အောက်မှာနီရဲလျှက် ရှက်သွားတဲ့ပုံပဲ...။ အတွေ့အကြုံမရှိတာလည်းမဟုတ်ပါပဲ အဖြစ်ကိုသည်းလွန်းသည်...။

ကိုယ့်ကိုပင်မစောင့်ပဲ ကျောခိုင်းကာထွက်သွားသူအား ဘာကိုမကျေနပ်လို့ မကျေနပ်မှန်းမသိ...။ ရင်ထဲမှာလောင်မြိုက်နေတာကြောင့် ရှေ့မှာချထားတဲ့ ပုလင်းကို ပုလင်းလိုက်မော့သောက်နေလိုက်သည်...။

တွေးရင်းတွေးရင်း ဂျောင်ကုဒေါသထွက်သည်...။ အခုပဲ ညဆယ်နာရီထိုးတော့မယ်...။ သူ့လိုအူတူတူက အိမ်ကိုရှာမတွေ့ပဲ လမ်းပျောက်နေရင် ကိုယ်ပဲပြဿနာတက်မှာ...။ တကယ်ပဲ ကင်မ်ထယ်ယောင်းဟာ ဂျောင်ကုကို ဒုက္ခတွေပေးလွန်းသည်...။

ခ‌ဏလောက်နေပြီးတော့ အားလုံးကိုနှုတ်ဆက်ကာ အိမ်ကိုပြန်ဖို့ပြင်ရတော့တယ်...။ သူ့လက်ထဲသော့ပါသွားတော့ သူသာအိမ်ပြန်မရောက်သေးရင်ဒုက္ခ...။ အိမ်နံပါတ်ကိုမသိတာကြောင့် မေမေတို့ဆီဖုန်းဆက်ရင်း လှမ်းတောင်းတော့ အဆူခံလိုက်ရသေးတယ်...။

ကားပါကင်က ကားကိုထုတ်ပြီးနောက်မှာတော့ မေမေတို့လက်ဖွဲ့ထားတဲ့ မင်္ဂလာဦးအိမ်လေးရှိရာသို့ လမ်းကြောင်းကို ဦးတည်လိုက်ပါတော့သည်...။

~~~~~~STRING~~~~~~

ခြံတံခါးအား သော့နဲ့တွန်းဖွင့်ပြီးနောက်မှာတော့ အိမ်ထဲကို ထယ်ယောင်းခြေချလိုက်သည်...။ တစ်အိမ်လုံး
မှောင်မဲနေတာကြောင့် မီးခလုတ်တွေလိုက်ဖွင့်ရင်း အပေါ်ထက်သို့တက်လာခဲ့လိုက်သည်...။

အိပ်ခန်းလို့ထင်ရတဲ့အခန်းအား တံခါးဖွင့်ကြည့်လိုက်တော့မှောင်မဲလျက်...။ တစ်ချက်တစ်ချက် နှင်းဆီပန်းနံ့လိုလို ရနံ့လေးရနေတာကြောင့် မီးဖွင့်ကြည့်လိုက်တော့ မျက်လုံးထဲပေါ်လာသည်က~~

king-size bed ကုတင်ကြီးပေါ်မှာ ကျဲချထားတဲ့ နှင်းဆီပွင့်ဖက်တွေ...။ ကြမ်းပြင်ကအစ နှင်းဆီပွင့်ရွက်ကလေးတွေ ကျဲချထားတာကြောင့် နင်းရက်စရာပင်မရှိ...။ တဖြေးဖြေးရှေ့ကို တိုးကြည့်လိုက်တော့ အလယ်တည့်တည့်တွင် နှင်းဆီပွင့်ဖက်လေးတွေနှင့် အလှဆင်ထားတဲ့ အသည်းပုံလေး...။ အဲ့ဒီအပေါ်မှာမှ အဖြူရောင်တဘက်ကလေးနဲ့ အလှဆင်ထားတဲ့ နှုတ်သီးချင်းထိနေတဲ့ ငှက်ကလေးနှစ်ကောင်...။

~~STRING~~ (Completed)Where stories live. Discover now