လူတွေ ဝိုင်းကြည့်နေတာကို ထယ်ယောင်းရှက်သည်...။ ဂျွန်က ဘာဖြစ်ချင်နေတာလဲ...?? အသားမထိပါနဲ့လို့ပြောပြီး သူပဲအရင်စထိတယ်...။ အခုလည်း ထယ်ယောင်းရဲ့ခါးလေးအား လက်နှစ်ဖက်ဖြင့်ဆွဲပွေ့ကာ သိုင်းဖက်လိုက်တာကြောင့် လူတွေရှေ့မို့ ရှက်လည်းရှက်သလို အနေမတတ်ဖြစ်နေရသည်...။
ဂျွန့်ကို မျက်နှာချင်းမဆိုင်ရဲတာကြောင့် ခေါင်းကိုငုံ့ကာ တစ်ဖက်သို့အကြည့်လွှဲလိုက်တဲ့ခဏ မေးဖျားလေးအား ဆတ်ကနဲဆွဲမော့ခံရခြင်းနှင့်အတူ....
"ဂျွန်!! ဘာဖြစ်~~"
စကားမဆုံးသေးခင်မှာပဲ ဂျွန်က ထယ်ယောင်းနှုတ်ခမ်းလေးအား ဖျတ်ကနဲလှမ်းနမ်းလိုက်တာကြောင့် ကိုယ့်မှာမျက်လုံးအပြူးသား...။ ဒါဟာ ထယ်ယောင်းအပေါ် ဂျွန်ပေးတဲ့ ပထမဦးဆုံး အကြင်နာအနမ်းလည်းဖြစ်တယ်...။ အောက်ကနေ အော်သံတွေဆူထွက်လာတာကြောင့် ထယ်ယောင်းရှက်ကာ ဂျွန့်ကိုတွန်းထုတ်မိသွားသည်...။
"ကိုယ် အိမ်ပြန်ချင်ပြီ"
"ပြန်လေ ကျုပ်ကဆက်ဧည့်ခံဦးမှာ... ရော့ဒီမှာ အိမ်သော့... အိမ်နံပါတ်ပါ ပါတယ်... ဂန်းနမ်ရပ်ကွက်မှာ တက္ကစီငှားပြီးပြန်လိုက်"
ပြောပြီးတာနဲ့ လှည့်ထွက်သွားတာကြောင့် ထယ်ယောင်းတစ်ယောက်တည်း ငိုင်ပြီးကျန်ခဲ့ရသည်...။ ခုနကသူပဲ လူတွေရှေ့မှာနမ်းသွားပြီး အခုထယ်ယောင်းကို ရှိတယ်လို့ပင်မထင်တော့...။ ဟန်ဆောင်လက်ထပ်တယ်ပဲပြောပြော နည်းနည်းလေးတော့ အရေးလုပ်သင့်သည်မဟုတ်လား...။
ကိုယ်လည်း ယောကျ်ားပါပဲ...။ ဂျွန့်ကိုမှီခိုရလောက်တဲ့အထိ ကိုယ်မသိမ်ဖျင်းသေးပါဘူး...။ ဂျွန်မပါလည်း ကိုယ်တစ်ယောက်တည်း ပြန်ရဲတယ် ဂျွန်...။
နမ်ဂျွန်းတို့ဝိုင်းကိုပြန်ရောက်တော့ နှစ်ကောင်သား ရေချိန်ကိုက်လို့နေပြီ...။ ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်တွေးမိပြီး ဂျောင်ကုသေသာသေလိုက်ချင်တော့သည်...။
သွေးပူနေတုန်း ဘာတွေလုပ်မိခဲ့လဲမသိ...။ အမှန်တော့ သူ့ကိုနမ်းချင်တာထက် ဟိုကောင်ရှေ့မှာမို့ တမင်လုပ်ပြလိုက်ခြင်းပင်...။
ESTÁS LEYENDO
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 8
Comenzar desde el principio
