"ဟုတ်တယ် ယွန်းဂီပြောတာငါထောက်ခံတယ်"
ယွန်းဂီစကားကြောင့် ဂျောင်ကုလည်း သူရှိရာသို့ ထပ်ကြည့်မိသည်...။ ဟိုကောင်က သူ့အနားကပ်ကာ ဘာတွေပြောနေသည်မသိ သူ့မျက်နှာက ပြုံးလို့ရွှင်လို့...။ ကိုယ်နဲ့တွေ့ရင်တော့ ပြိုတော့မယ့်မိုးလိုလို...။ တွေ့မယ် ဂျွန်ဂျောင်ကုနဲ့တွေ့ကြသေးတာပေါ့...။
ဝိုင်ခွက်လေးအားလှုပ်ရမ်းကာ ကင်မ်ထယ်ယောင်းရှိရာဝိုင်းဘက်သို့ တစ်လှမ်းချင်းလျှောက်လာလိုက်သည်...။ အပြင်းစားဝိုင်ကိုသောက်ထားတာကြောင့် တရိပ်ရိပ်နဲ့ မူးတက်နေသော်ငြား သူ့ကိုယ်သူထိန်းနိုင်ပါသေးသည်...။
အနောက်မှာ နှစ်ကောင်သား လက်ဖဝါးချင်းရိုက်ကာပြုံးဖြီးနေကြတာကိုတော့ ဂျောင်ကုမမြင်လိုက်ခဲ့ပါ...။
ထယ်ယောင်းတို့စကားကောင်းနေတုန်းမှာပဲ ဂျွန်က သူတို့ရှိရာဝိုင်းသို့ တစ်လှမ်းချင်းလျောက်လို့လာ၏။ နက်ပြာရောင် suit ဟာ ညမီးရောင်ကြောင့်ထင်းလျှက်...။ မျက်ခုံးတန်းတွေကို တွန့်ချိုးထားပုံဟာ တစ်ခုခုကို အလိုမကျနေသည့်ဟန်...။
မတ်တပ်ထရပ်ကာ ဂျွန့်အနားသွားဖို့ပြင်လိုက်ပေမယ့် ဂျွန်ဟာ ကိုယ့်အနားကို တစ်လှမ်းချင်းချဥ်းကပ်လာတာကြောင့် ထယ်ယောင်းနည်းနည်းလန့်လို့လာရသည်...။
"ဂျွန်...!!"
ရုတ်တရက် ထယ်ယောင်းခါးသိမ်သိမ်လေးအား လက်နဲ့ဆွဲပွေ့ကာဖက်လိုက်တာကြောင့် နှုတ်မှထိတ်လန့်သံနှင့်အတူ ဂျွန့်ရင်ခွင်ထဲသို့ ထယ်ယောင်းပြိုလဲသွားရသည်...။
မျက်လုံးတွေဟာ နီရဲလျှက် တစ်ချက်တစ်ချက် ဂျွန့်ဆီကနေ ဝိုင်နံ့လိုလို green tea ရနံ့လိုလို အနံ့လေးအား ခပ်သင်းသင်းလေး ရနေတယ်...။
လက်တစ်ဖက်ကနေ ထယ်ယောင်းကိုပွေ့ထားပေမယ့် ကျန်လက်တစ်ဖက်ဟာ ဝိုင်ခွက်ကိုလှုပ်ရမ်းလို့နေသည်...။ ပြီးတော့ ထယ်ယောင်းမျက်နှာလေးအား စူးစိုက်စွာကြည့်ပြီးနောက်မှာတော့ ဝိုင်ခွက်ကိုတစ်ကျိတ်ထဲ မော့သောက်လိုက်ပြီး ခွက်အားဘေးနားက စားပွဲဝိုင်းပေါ်လှမ်းတင်လိုက်လေသည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 8
Start from the beginning
