အရက်သေစာဆို ဝေးဝေးကရှောင်ရမည်...။ အရင်တစ်ခေါက်ကလို ဂျွန့်ကိုဒုက္ခထပ်မပေးချင်ပါ...။
အားလုံးဟာ သူ့အတွဲနဲ့သူကခုန်နေကြပေမယ့် သီးသန့်ဝိုင်းလေးမှာတော့ ထယ်ယောင်းတစ်ယောက်တည်း...။ ဒီနေရာမှာ ထယ်ယောင်းနှင့်သိတဲ့သူကမရှိတော့ ယောင်လည်လည်ဖြင့်သာ...။ ဖြစ်နိုင်ရင် ဒီပွဲကိုမြန်မြန်ပြီးချင်လှပြီ...။ သိသိမသိသိ ဟန်ဆောင်ပြီး ပြုံးပြနေရတာ ဘယ်နှခေါက်မှန်းပင်မသိတော့...။
ဂျွန်က သူ့သူငယ်ချင်းတွေဝိုင်းဘက်သွားကာ စကားလက်ဆုံ ကျနေပုံရပါသည်...။ လက်ထဲမှာတော့ ဝိုင်ခွက်လေးကိုင်ထားလေရဲ့...။
"ဟျောင့် ငါ့ကောင်... မင်းယောကျ်ားက သေချာကြည့်မှ ပိုပြီးချစ်ဖို့ကောင်းတာနော်"
"ဟုတ်တယ် ငါလဲထောက်ခံတယ်"
နှစ်ကောင်သားအတိုင်အဖောက်ညီကာ ကင်မ်ထယ်ယောင်းကို ချီးကျူးနေကြပေမယ့် ဂျောင်ကုမျက်လုံးထဲ ချစ်စရာလို့ကိုတစ်စက်မှမမြင်...။
"အလကားပါကွာ... ငါတော့တစ်စက်မှကြည့်မရဘူး... ကလေးတစ်ယောက်အဖေက ဘာကိုချစ်စရာကောင်းလဲ"
"အမ်...!!! ကလေးအဖေလေးလား...?? ကလေးအဖေဆိုပေမယ့် ချစ်စရာလေးပါ... ကြည့်ပါလား သူ့နားမှာ လူတွေဝိုင်းကုန်ပြီ"
နမ်ဂျွန်းရဲ့စကားကြောင့် သူရှိရာဝိုင်းသို့ တစ်ချက်လှည့်ကြည့်လိုက်တော့ ရုတ်တရက်ဒေါသတို့ထောင်းကနဲ...။
DNA က အမွေဆက်ခံသူရဲ့သား ဂျောင်ကုရဲ့ ရန်သူပြိုင်ဘက်...။ ဟိုက သူ့လက်ကိုဆွဲတာကို ကင်မ်ထယ်ယောင်းက ငြိမ်ခံနေတယ်...။ တော်တော်လေးကိုမှ အကိုင်ခံချင်နေတဲ့ပုံပဲ...။
"အဲ့ကောင်က လက်သွက်တယ်နော်...
မင်းက ဒီအတိုင်းကြည့်နေတော့မှာလား"
"ငါကဘာလုပ်ရမှာလဲ"
တမင်ဥပေက္ခာပြုကာ ဝိုင်တွေချည်း လှိမ့်သောက်နေတော့ ဟိုနှစ်ကောင်က သူ့ကို စကားနာထိုးပြန်သည်...။
"မင်းမချစ်ဘူးဆိုရင်တောင် သူက မင်းလက်ထပ်ထားတဲ့သူနော်... ကိုယ့်လူကို ကြောင်တောင်နှိုက်နေတာကို ဘယ်ကောင်ကမှ မင်းလိုထိုင်မကြည့်ဘူး... အနည်းဆုံး ပိုင်ဆိုင်ကြောင်းတော့ ပြသင့်တာပေါ့"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 8
Start from the beginning
