ဂျွန်ကတော့ အထဲကိုဝင်နှင့်နေခဲ့ပါပြီ...။

အပြင်မှာ ဖေဖေရယ် ထယ်ယောင်းရယ်နှစ်ယောက်တည်း...။ လက်ထဲကို baby breath ပန်းစည်းအဖြူလေး ထည့်ပေးလာတဲ့ဖေဖေဟာ မျက်ရည်တွေဝဲနေတဲ့ထယ်‌ယောင်းကို နှစ်သိမ့်ရှာတယ်...။

အဖြူရောင်တွေကို ထယ်ယောင်းကြိုက်တယ်...။
baby breath ပန်းလေးဟာလည်း ထယ်ယောင်းအကြိုက်ပဲ...။ အားလုံးဟာ ဖြူစင်နေသလောက် ထယ်ယောင်းနဲ့ ဂျွန်ရဲ့ လက်ထပ်ပွဲဟာ မရိုးရှင်းခဲ့ပါဘူး...။

ဖေဖေက ထယ်ယောင်းလက်လေးအား ဆုပ်ကိုင်ကာ မင်္ဂလာလျှောက်လမ်းလေးအတိုင်း ဖြေးဖြေးချင်းလျှောက်လို့လာတယ်...။ အားလုံးရဲ့အကြည့်တွေဟာ ထယ်ယောင်းဆီမှာပေါ့...။ တစ်သက်မှာတစ်ခါပေမို့ စိတ်လှုပ်ရှားကာ ရင်တွေခုန်တာထိန်းမရအောင်ပါပဲ...။ ဂျွန်ရှိရာကို ငေးကြည့်မိတော့ သူ့ဘက်ကလည်း ကိုယ့်ကို ပြန်ငေးကြည့်နေခဲ့တာကိုတွေ့ရတော့ ရင်ခုန်စိတ်နှင့်အတူ မျက်ရည်တွေဝဲလာခဲ့မိသည်...။

"သားကို အပ်ပါတယ် ဂျောင်ကု"

ဖေဖေဟာ ဂျွန့်လက်ထဲကို ထယ်ယောင်းရဲ့လက်လေး ထည့်ပေးပြီးလှည့်ထွက်သွားတာကြောင့် ထိုအခိုက်တန့်လေးကို မျက်ရည်ဝဲကာငေးကြည့်နေမိတယ်...။ အခုဆိုရင်ထယ်‌ယောင်းကို ဖေဖေတို့မပိုင်တော့ဘူးပဲ...။

"လာလေ...!!"

အကြာကြီးရပ်ကာ ငေးကြည့်နေခဲ့မိတာကြောင့် ဂျွန်က အနားကပ်လာကာ တိုးတိုးလေးလာခေါ်၏။ နှစ်ယောက်သား ဖာသာရှေ့မှာ မျက်နှာချင်းဆိုင်ရပ်ပြီးနောက်မှာတော့ ဖာသာ့ဆီကနေ မိန့်ခွန်းအရှည်ကြီးကို နားထောင်ရပါတော့သည်...။

"သတို့သားကင်မ်ထယ်‌‌ယောင်းသည် သတို့သားဂျွန်‌ဂျောင်ကုကို သေတပန်သက်တဆုံး သစ္စာရှိရှိပေါင်းသင်းပါမည်လောဝ်"

"ပေါင်းသင်းပါမည်~~"

"သတို့သားဂျွန်ဂျောင်ကုသည် သတို့သားကင်မ်ထယ်ယောင်းကို သေတပန်သက်တဆုံး သစ္စာရှိရှိပေါင်းသင်းပါမည်လောဝ်"

ဖာသာရဲ့စကားဆုံးတော့ ဂျွန်ဟာ ထယ်ယောင်းကို အကြာကြီးစိုက်ကြည့်နေပြန်သည်...။ ပြီးမှ သက်ပြင်းဖွဖွချကာ ပြန်ဖြေလာခဲ့သည်...။

~~STRING~~ (Completed)Where stories live. Discover now