"လာလေ ထယ်ယောင်းရဲ့... ကိုယ့်ယောကျ်ားကို ပြန်ကြည့်ပေးလိုက်ပါဦး... ဘယ်နေရာလိုနေသေးလဲလို့... အစ်မကြည့်ရတာ necktile က စောင်းနေသလိုပဲ"

အစ်မကြီးရဲ့စကားကြောင့် ထယ်ယောင်း နည်းနည်းရှက်သွားရတယ်...။ ဂျွန့်ကိုကြည့်လိုက်တော့ ဖာသိဖာသာပဲ ဆိုဖာပေါ်အထိုင်ပင်မပျက်...။ ထယ်ယောင်းကိုအဖက်မလုပ်သလို အရေးပင်မစိုက်...။

"ဟေး သွားလုပ်ပေးလိုက်လေ... အမလေးဟဲ့ အကုန်လိုက်ပြောနေရတယ်... ပွဲချိန်ကနီးနေပြီ "

ထယ်ယောင်းလည်း မဝံ့မရဲဖြင့် ဂျွန့်အနားကို တိုးကပ်သွားတော့ ဆက်ကနဲ မတ်တပ်ထရပ်လိုက်တဲ့ ဂျွန်ကြောင့် အနောက်သို့ယိုင်သွားရသည်...။

"မြန်မြန်လုပ်ပေး ပြီးရင်သွားမယ်...
မေမေတို့စောင့်နေလောက်ပြီ"

ရှေ့နားတိုးသွားကာ လွဲနေတဲ့ necktile အား အသစ်ပြန်စည်းပေးနေတုန်း ဂျွန်ဟာ သက်ပြင်းတွေခဏခဏချနေတာကို ကြားရတယ်...။ ပြီးတော့ ထယ်ယောင်းကို မျက်နှာချင်းမဆိုင်ပါပဲ တစ်ဖက်သို့လှည့်နေတာကြောင့် စိတ်မကောင်းဖြစ်ရသည်....။ အဲ့လောက်တောင်ပဲမုန်းရသလား ဂျွန်ရယ်။

"ရ...ရပြီ ဂျွန်"

ပြီးတာနဲ့ဂျွန်က ရှေ့က‌နေ ခပ်သုတ်သုတ်လှည့်ထွက်သွားတာကြောင့် ထယ်ယောင်းလည်း အနောက်ကနေပြေးလိုက်ရပြန်သည်...။

ကားပေါ်ရောက်တော့ ဂျွန်က ကားမမောင်းသေးပဲ ထယ်ယောင်းဘက် တစ်ချက်လှည့်လာတာကြောင့် ထယ်ယောင်းဘက်ကလည်း အကြည့်ချင်းဆုံစေလိုက်သည်...။

"နောက်တစ်ခါ ခင်ဗျားကျုပ်နဲ့ ခပ်ခွာခွာနေပေးပါ... ဖြစ်နိုင်ရင် အသားကိုတောင်မထိပါနဲ့"

ပြောပြီးတာနဲ့ ကားကိုဆောင့်မောင်းသွားပေမယ့် ထယ်ယောင်းထပ်ပြီး စကားမစရဲတော့ပါ...။ အသားပင်မထိချင်လောက်အောင် မုန်းတယ်တဲ့လား...။ ခဏနေရင်ပဲလက်ထပ်ရတော့မယ်ဆိုပေမယ့် ထယ်ယောင်းစိတ်ထဲ အလိုလိုဝမ်းနည်းနေမိသည်...။

Church ကျောင်းရှေ့ကားရပ်တော့ ဖေဖေဟာ အပြင်မှာ ထယ်ယောင်းတို့ကို ရပ်စောင့်နေတာကိုတွေ့လိုက်ရ၏။ အားလုံးလူတွေစုံနေကြပြီဖြစ်တာကြောင့် အခမ်းအနားစပါတော့မည်တဲ့...။

~~STRING~~ (Completed)Where stories live. Discover now