နှုတ်ခမ်းသားနုနုလေးပေါ်ကို lip balm လေး လာတင်တာကြောင့် ထယ်ယောင်းအတင်းငြင်းလိုက်တော့ အစ်မကြီးက မျက်နှာမကောင်း...။

"ပါးပါးလေးပဲဆိုးပေးပါအစ်မ"

"မဆိုးလဲ မောင်လေးကလှပြီးသားပါ... ဒါပေမယ့် ဆိုးလိုက်ပါမောင်လေးရယ်... မဟုတ်ရင် မောင်လေးရဲ့ပိုင်ရှင်က အစ်မကို ဆူလိမ့်မယ်"

ထယ်ယောင်းရဲ့ပိုင်ရှင်က ဆူလိမ့်မယ်တဲ့...။
အစ်မကြီးက ဘယ်သူ့ကိုပြောချင်နေတာလဲ။
မဟုတ်မှ ဂျွန့်ကိုလား...။

"ကဲပြီးပြီ...အနောက်မှာအဝတ်စားလဲပြီး ထွက်လာခဲ့နော်... ရှေ့မှာစောင့်နေမယ်"

ထယ်ယောင်းအဝတ်အစားတွေလဲပြီး နာရီလေးကိုမြှောက်ကြည့်တော့ နေ့ခင်း၁၁နာရီပင် ခွဲချေပြီ...။ အခန်းပြင်ကိုထွက်လာတော့ ဂျွန်က အဝတ်အစားပင်လဲလို့ပြီးနေပြီ...။ သူလည်းအဖြူ ကိုယ်လည်းအဖြူဆိုတော့ မျက်စိအေးကာ နှစ်လိုဖွယ်ရှိလှသည်...။

"ဒီလောက်ချစ်ဖို့ကောင်းတဲ့သတို့သားလေးကို ဂျောင်ကုတို့များ လျှိုထားလိုက်တာ... မင်္ဂလာဆောင်ခါနီးကျမှ ထုတ်ပြရတယ်လို့နော် "

ဂျွန်က ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်ကာ မဂ္ဂဇင်းစာအုပ်တွေဖတ်နေရင်းမှ ထယ်ယောင်းရှိရာဆီ တစ်ချက်ငဲ့ကြည့်လာသည်...။ ရုတ်တရက်မို့ အကြည့်ချင်းတစ်ချက်ဆုံမိခိုက်မှာ ရှက်ရှက်နဲ့ခေါင်းငုံ့မိတာက ထယ်ယောင်းဘက်ကပဲဖြစ်လျှက်...။

"မေမေတို့ပေးစားလို့ယူတာပါဆို... အစ်မကလည်းဒါချည်းပဲ ခဏခဏပြောနေတာပဲ"

အမှန်တော့ ဂျောင်ကုစိတ်ထဲမှာ ဒေါသတွေအလိပ်လိုက်ထွက်ပြီး ပေါက်ကွဲနေတာကြာပြီ...။ စောင့်ရတဲ့အလုပ်ကို မကြိုက်ပါဘူးဆိုမှ မေမေတို့ရဲ့ သူ့သားမက်လောင်းလေးကို ပွဲထုတ်ချင်နေတာကြောင့် တစ်ခါမှမရောက်ဖူးတဲ့ အလှပြင်ဆိုင်မှာ ၃နာရီလောက် ဖင်ကြိမ်းတဲ့အထိ ထိုင်စောင့်ပေးနေရခြင်းပင်...။

"နင်အဲ့လိုကြပ်ကြပ်ပြောနော်... နောက်မှနောင်တရမယ်"

ဒီအစ်မကြီးနဲ့တော့ခက်သည်...။ မေမေ့အသိမိတ်ဆွေမို့လို့သာ ပြန်မပြောပဲတင်းခံနေရတာ...။

~~STRING~~ (Completed)Where stories live. Discover now