မြေမြှုပ်အခမ်းအနားပြီးတဲ့အချိန်မှာတော့ နှင်းတွေတောင် ကျလာပြီဖြစ်တယ်။

ဝူရုန်နှင့်တခြားသူတွေက အင်ပါယာမြို့တော်ကိုပြန်လာတဲ့အချိန်မှာတော့ ရထားလုံးက မြို့ဝင်ပေါက်မှာ စောင့်နေပြီဖြစ်တယ်။သူတို့ခုနှစ်ယောက်က ရထားလုံးပေါ်တက်လိုက်ပြီး ဟေးအိမ်တော်ကို ပြန်သွားကြတယ်။

သူတို့က လူရှုပ်တဲ့ လမ်းကြားကိုဖြတ်မောင်းတဲ့အချိန်မှာတော့ ရထားလုံးမောင်းတဲ့အစောင့်နှစ်ယောက်က ရထားလုံးထဲကို ကျလာခဲ့တယ်။

လူအိုကြီးဟေးက ဒီအခြေအနေနှင့် မရင်းနှီးတာကြောင့် သူက အော်လိုက်တယ်"သူတို့က သေနေပြီ။သူတို့က သေနေပြီ"

ဝူချွင်ချင်က ဂေါင်တုန်ကို သူ့လက်မောင်းထဲမှာ ကာကွယ်လိုက်တယ်။

ဝူဇူက ရထားလုံးအပြင်ကို ထွက်လိုက်ပြီး ထိတ်လန့်နေတဲ့ မြင်းတွေကို ရပ်တန့်ဖို့ မြင်းဇက်ကြိုးကို ဆွဲလိုက်တယ်။

ဟေးရွမ်ရီကလည်း အပြင်ကို ထွက်လိုက်ပြီး ရထားလုံးမောင်းသူရဲ့ဘေးကနေ ပတ်ဝန်းကျင်ကို စူးရှတဲ့ မျက်ဝန်းတွေနှင့် ကြည့်လိုက်တယ်။အဆောက်အအုံတွေ၏ခေါင်မိုးတွေပေါ်မှာ လူတွေအများကြီးရှိနေတာကြောင့် ဟေးရွမ်ရီက ပြောလိုက်တယ်"အကိုကြီး အိမ်ကိုမောင်း"

"အင်း"ဝူဇူက ရထားလုံးကို ဟေးအိမ်တော်ကို ဦးတည်မောင်းနှင်လိုက်တယ်။

တစ်ချိန်ထဲမှာဘဲ ခေါင်းမိုးတွေပေါ်က လူတွေက ဟေးရွမ်ရီထံကို ဦးတည်ဆင်းသက်လာကြတယ်။

ဟေးရွမ်ရီက သူ့ရဲ့စိတ်စွမ်းအင်ကို မရေမတွက်နိုင်တဲ့ ထိတွေ့လို့မရနိုင်တဲ့ အပ်ပုံစံဖြစ်ပေါ်စေလိုက်ပြီး အဘက်ဘက်ကို ဦးတည်ပြီး ပစ်လွတ်လိုက်တယ်။အပ်တွေက အဲဒီလူတွေရဲ့အရည်ပြားကို ဖြတ်သွားပြီး သွေးထွက်လာစေတယ်။

ဝူဇူက ရထားလုံးမောင်းဖို့ကို အာရုံစိုက်ထားပြီး အခြားအရာတွေကို သတိမထားဘူး။ဒါပေမဲ့ သူက ဟေးရွမ်ရီက ထူးဆန်းတဲ့ ဂါထာရွတ်နေတာကိုတော့ ကြားနိုင်တယ်။အဲဒီနောက်မှာတော့ အဲဒီလူတွေက သက်ရောက်ခံလိုက်ရပြီး ခြောက်သွေ့ကုန်ကာ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ်ကို ပြုတ်ကျလာတယ်။

COTAW(Zawgyi)Where stories live. Discover now