ခါတိုင်း ဝန်ထမ်းတွေပေါ်ဆက်ဆံရေးပြေပြစ်တဲ့ boss ဟာ ဒီနေ့မှာတော့ ရုံးခန်းထဲဝုန်းဒိုင်းကြဲလျက်...။

"တောက်စ်!! ကင်မ်ထယ်ယောင်း~~ခင်ဗျားဟာလေ!!"

ညကအလွန်အကျွံသောက်မိလို့ ခေါင်းကိုက်ရသည့်အထဲ ကင်မ်ထယ်ယောင်းကြောင့် ပိုပြီးဆိုးလာတော့သည်...။ ဖြစ်နိုင်ရင် မနက်ဖြန်ကို မရောက်ချင်ပါ...။ သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ...။ မူးနေတာကို အခွင့်ကောင်းယူတယ်လို့ ထင်သွားမလား...။ ဒါမှမဟုတ် ဂျောင်ကုကို အထင်သေးသွားပြီလား...။

စိတ်ထဲမေးခွန်းပေါင်းများစွာဖြင့် အဖြေရှာမရ...။ ခေါင်းထဲခဏခဏဝင်လာတဲ့ မနေ့ကအဖြစ်အပျက်တွေကြောင့် ဂျောင်ကုအခုလို ပေါက်ကွဲနေရခြင်းပင်...။

ပြီးတော့ သူ့ကိုယ်သူလည်းအံ့သြမိတယ်...။ စိတ်တိုလို့လုပ်တယ်ပြောပြော သူစိမ်းယောကျ်ားတစ်ယောက်အပေါ်  နမ်းရှုံ့တာတော့ မဖြစ်သင့်ဘူးလို့ထင်သည်...။ ဂျောင်ကုတခဏလေး ဦးနှောက်ပျက်သွားတာလား...။ ပြီးတော့အခုလည်းစိတ်ထဲမှာ ထပ်ပြီးလိုချင်တောင်းတနေမိတယ်...။ ဒါမဖြစ်သင့်ဘူးမလား...။

အိမ်ပြန်ရမည်... သူဆက်ပြီးသည်းမခံနိုင်တော့ဘူး။

ကားသော့အားကောက်ဆွဲကာ ရုံးခန်းထဲက ထွက်လာတော့ အားလုံးဟာ မျက်နှာသေလေးတွေနဲ့...။ ထို့ကြောင့် ဂျောင်ကုလည်း ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြောရတော့သည်...။

"အားလုံး အလုပ်ဆင်းလို့ရပြီ"

ပြီးတာနဲ့ပါကင်ထိုးထားတဲ့နေရာကနေ ကားကိုဆွဲထုတ်ကာ အိမ်အပြန်လမ်းပေါ်သို့ လမ်းကြောင်းကို ဦးတည်လိုက်တော့သည်...။

ဂျောင်ကုအိမ်ကိုပြန်ရောက်တော့ မေမေက ဧည့်ခန်းထက်မှာ မိန့်မိန့်ကြီးထိုင်လျှက် ဂျောင်ကုကို မျက်မှောင်ကြုံ့ကြည့်လို့လာ၏။

"ဘာတွေဖြစ်လာတာလဲ... မနေ့ညက တစ်ညလုံးအိမ်ပြန်မလာဘူး... အဲ့ဒါအပြင် ဒီမနက်ကုမ္ပဏီမှာ သောင်းကျန်းတယ်ဆို... မင်းရဲ့အတွင်းရေးမှူး ပြောပြလို့သိပြီးပြီ"

ဂျောင်ကုလည်း မေမေ့နားက ဆိုဖာပေါ်မှာကျုံကျုံ့လေးဝင်ထိုင်ကာ ခေါင်းကိုငုံထားလိုက်သည်....။ ပြီးမှ သက်ပြင်းဖွဖွချရင်း မေမေ့မျက်နှာကိုပြန်မော့ကြည့်ကာ စကားတစ်ခွန်းကို ခပ်တိုးတိုးရေရွတ်လိုက်သည်....။

~~STRING~~ (Completed)Where stories live. Discover now