ဂျွန့်ကို အားနာလိုက်တာ...။ ဘယ်လောက်ထိတောင် ဒုက္ခတွေပေးခဲ့မိပါလိမ့်...။ အစထဲက မုန်းနေပါတယ်ဆို ပိုပြီးမုန်းအောင်လုပ်မိပြန်ပြီ...။

"အင့်~~ဖေ့!!"

သားက ချီထားလျက်မှနိုးလာတာကြောင့် မျက်နှာသစ်ပေးဖို့ လုပ်ရတော့မယ်...။ မနေ့ကလည်း ထယ်ယောင်းမရှိတော့ ထမင်းကောင်းကောင်းစားမှာမဟုတ်...။

"ဆန်လုံးလေး နိုးပြီပေါ့"

ပါးဖောင်းဖောင်း‌လေးနှစ်ဖက်အား တရှုံ့ရှုံ့နမ်းလိုက်တော့ သားဟာတွန့်လိမ်လျှက် ထယ်ယောင်းမျက်နှာကို သေချာစိုက်ကြည့်ပြန်တယ်...။

"ဖေ့ !!"

"ဟင်~~ဆန်လုံးလေးဘာဖြစ်ချင်လို့လဲ...??"

"နာ~~နာနာ !!"

နှုတ်ခမ်းနားလေးကို သားက လက်နဲ့ထောက်ပြလာတာကြောင့် သားကိုချီလျှက် မှန်တင်ခုံမှာထိုင်ကာသေချာကြည့်တော့ အောက်နှုတ်ခမ်းထောင့်နားမှာ ပေါက်ပြဲကာ သွေးစို့နေတာကို တွေ့လိုက်ရတယ်...။ လက်နဲ့ခပ်ဖွဖွ တို့ထိကြည့်တော့ သွေးစတွေပင် ခြောက်သွေ့လို့နေပြီ...။ မနေ့ညက တစ်ခုခုနဲ့ ဆောင့်မိသွားတာပဲဖြစ်ရမည်...။

"ဖေဖေတို့ ရေချိုးရအောင်ကွာ"

မနေ့ညကအကြောင်း သိပ်မတွေးချင်တော့ပါ...။ တွေးလိုက်တိုင်း ဂျွန့်ကို ထယ်ယောင်းအားနာသည်...။ ကိုယ်ဟာ အမြဲသူ့ကို စိတ်အနှောင့်အယှက်ပေးမိနေတာ...။

အကြီးကိုအငယ်က ပြန်ထိန်းရတာတော့မဟုတ်သေး...။ ရှက်လည်းရှက်သလို အားလည်းနာတယ်...။ မနက်ဖြန် wedding day ကျရင် ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့...။ ၆လသာပေါင်းသင်းရမယ်ဆိုပေမယ့် ဂျွန်စိတ်ပျက်သွားမှာကို ထယ်ယောင်းစိုးရိမ်ပါသည်။

                     ~~~~~STRING~~~~~~

"ထွက်သွားကြ!!!
တစ်ယောက်မှအခန်းထဲဝင်မလာကြနဲ့"

ညနေရုံးဆင်းချိန်အမှီ လက်မှတ်ထိုးပေးဖို့ Boss အခန်းထဲကိုဝင်ခွင့်တောင်းခဲ့ပေမယ့် အဟောက်ခံလိုက်ရတာကြောင့် ဝန်ထမ်းအားလုံး ငြိမ်ကုတ်လျှက်...။ သူတို့ Boss ကို ဘာကများ စိတ်ရှုပ်စရာတွေဖြစ်အောင် ဖန်တီးလိုက်ပါသလဲ...။

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang