dinning room ထဲဝင်ကာ ရေတစ်ခွက်လုံး မော့သောက်ပြီးနောက်မှာတော့ သားကိုထိန်းတဲ့ကောင်မလေးရဲ့ အခန်းဘက်ကို ထွက်လာခဲ့လိုက်သည်...။ မေမေတို့ကတော့ ကလေးကိုခေါ်သိပ်မှာမဟုတ်မှန်း သူသိပြီးသားပါ။
"knock~~knock"
တံခါးကိုနှစ်ချက်ဆင့်၍ခေါက်ပြီးနောက်မှာတော့ ကောင်မလေးက အခန်းပြင်ထွက်လာတော့သည်...။
"ကလေးလေးက အိပ်နေတုန်း အစ်ကိုလေးရဲ့... ညက ငိုနေလို့မနည်းချော့လိုက်ရတယ်... ညီမသွားခေါ်လာခဲ့ပေးမယ်"
ကောင်မလေးက အခန်းထဲပြန်ဝင်သွားကာ သားအား ချီထုတ်လာပြီးနောက် သူ့လက်ထဲထည့်ပေးသည်...။ အိပ်ပျော်နေတာကြောင့် အသာလေးမချီလိုက်ကာ ပခုံးပေါ်မှေးတင်ပေးဖို့လုပ်တုန်း နဖူးထက်မှ နီရဲနေတဲ့ အစင်းကြောင်းကြောင့် ရင်ထဲထိတ်ကနဲ...။
"ဒါကဘာဖြစ်တာလဲ!!!"
"ဟို~~ဟို ညကအစ်ကိုလေးမူးလာတော့ မေမေကြီးက တွဲခေါ်ပေးဖို့ညီမတို့ကိုခေါ်တယ်... ကလေးက အဲ့အချိန်မအိပ်သေးဘူးလေ... မေမေကြီးကိုကြောက်တာနဲ့ ချက်ချင်းပြေးထွက်လာတာ... ကြည့်ရတာ ကုတင်စောင်းနဲ့ ဆောင့်မိသွားတာထင်တယ်"
သူတို့အမှားမဟုတ်တော့ ဆူလို့ကမရ...။
"ညက အခန်းထဲလိုက်ပို့တာဘယ်သူတွေလဲ"
အားတော့နာမိသည်...။ ကိုယ့်ကိုမိန်းကလေးတွေက တွဲခေါ်ပေးရတာ ရှက်ဖို့ကောင်းလိုက်သည့်ဖြစ်ခြင်း...။
"ညီမတို့မဟုတ်ပါဘူး...
ဟို~~အစ်ကို့ကောင်လေးလေ"
"ကောင်လေး...?? ဘယ်သူလဲ ဂျွန့်ကိုပြောတာလား..??"
"ဟုတ်တယ်လေ အစ်ကိုရဲ့ ဟိ~~ဟိ !"
ကောင်မလေးက အသံထွက်ကာရယ်နေတော့ ထယ်ယောင်းမျက်မှောင်ကြုံ့မိသွားတယ်...။
"ဘာဖြစ်လို့ရယ်တာလဲ..??"
"ဘာမှမဟုတ်ပါဘူး အစ်ကိုက ဟိုအစ်ကိုရဲ့ရင်ခွင်ထဲမှာ မြုပ်နေတာပဲလို့... သူကလေ အစ်ကို့ကို အိပ်ယာထဲထိပွေ့ချီလာတာ... ညီမကပဲ အခန်းကိုလိုက်ပြပေးရတာလေ"
"သွားတော့ ကိုယ့်အလုပ်ကိုယ်လုပ်တော့"
ထယ်ယောင်းလည်း သားကိုချီကာ အခန်းထဲသို့ပြန်ဝင်လာလိုက်သည်...။ ရှက်လွန်းလို့ အရည်သာပျော်ကျလိုက်ချင်တယ်...။ ညကပုံစံကြီးကို မေမေတို့လည်း မြင်ကြမှာပဲ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 6
Start from the beginning
