"မဟုတ်ဘူး!!! ငါ့သိက္ခာကျမှာစိုးလို့... ငါကဘာလို့ သူ့ကိုသဲသဲလှုပ်ပြရမှာလဲ... သူကဘာမို့လို့လဲ"

"ဂျူယောင်းပြန်လာရင်ရော မင်းဘယ်လိုလုပ်မလဲ... အခု မင်းလက်ထပ်မယ့်သူကိုကော ချစ်ရဲ့လား..??"

နှစ်ကောင်သား ဘေးနားကပ်လာကာ ဂျောင်ကုကို အစ်မေးကြသည်...။အဲ့ဒီ ကင်မ်ထယ်ယောင်းဆီမှာချစ်စရာအနေအထား ဘယ်နေရာမှာရှိလို့လဲ...။

"မသိဘူးကွာ!!! သူ့ကိုချစ်ဖို့ဝေးသေး
မိဘပေးစားလို့သာ မငြင်းသာလို့ယူရမှာ"

ဂျောင်ကုဆက်မပြောတော့ပဲ တစ်ခွက်ပြီးတစ်ခွက်လှိမ့်သောက်နေမိသည်...။ မျက်လုံးထဲမှာတော့ ကားပေါ်ကပုံရိပ်တွေဟာ ပျံ့ကြဲလျှက်...။ ပြီးတော့ ကိုယ်ထဲစွဲထင်ကျန်ခဲ့တဲ့ ချိုအီအီရနံ့တွေ...။

မတွေးပါပဲ သူ့အလိုလိုရောက်လာသည့် ပုံရိပ်တို့ကြောင့် စိတ်တွေနောက်ကျိလာရကာ တစ်ခွက်ပြီးတစ်ခွက် ဆင့်၍သောက်နေမိတော့သည်...။ ဒီနေ့ညဒီလိုပုံစံနဲ့ သူအိမ်ပြန်ဖြစ်လိမ့်မည်မဟုတ်တော့ပါ...။

    
          ~~~~~~STRING~~~~~~

"အင်း~~~"

နံနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးဟာ လိုက်ကာမှတစ်ဆင့် အိပ်ယာပေါ်ပြန့်ကျဲလာတာကြောင့် ထယ်ယောင်းရဲ့မျက်လုံးတွေ အလိုလိုပွင့်လာ၏။

ကုတင်ထက်ငုတ်တုတ်ထထိုင်ကာ သားရှိရာပုခက်လေးဘက်သို့ လှမ်းကြည့်လိုက်တော့ သားကမရှိ...။

မနေ့ညက သူဘာတွေဖြစ်ခဲ့ပါလိမ့်...။

ဂျွန့်သူငယ်ချင်းတွေတိုက်တဲ့အရည်ကို သူသောက်ပြီးနောက် မူးပြီးအိပ်ပျော်သွားတာပဲ...။ ပြီးတော့ဂျွန်က သူ့ကိုလာတွဲခေါ်သွားတယ်...။ ကားနဲ့အိမ်အထိ လိုက်ပို့ပေးသေးတယ်...။ ပြီးတော့~~

ကားပေါ်မှာ ဂျွန်ပြောလိုက်တဲ့စကားကို သူသဲ့သဲ့လေးကြားလိုက်ရတယ်...။ အရမ်းမုန်းတယ်တဲ့လေ...။

ပြီးတော့ ဘာဆက်ဖြစ်လဲ သူမသိတော့ဘူး...။
ဂျွန့်ကို ဘာတွေဒုက္ခပေးမိပြီလဲမသိပါဘူး...။

ဆက်မတွေးနိုင်တော့တာကြောင့် အိပ်ယာထက်ကထကာ မျက်နှာသစ်သန့်စင်ပြီးနောက် သားအား သွားခေါ်ဖို့လုပ်ရတယ်...။ မနေ့ညကအရှိန်ကြောင့် ခေါင်းတော့နည်းနည်းမူးချင်နေသေးသည်။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora