~~~~~~STRING~~~~~~
"We're the lovesick boys"
"We were born to be alone
Yeah !we were born to be alone
But why we still looking for love"
"lovesick boys ~~lovesick boys"
ဂျောင်ကုဒီအခန်းထဲရောက်နေတာ ၁၅မိနစ်ရှိပြီ...။ ဒါပေမယ့် ဒီငနဲနှစ်ကောင်ဟာ ကျောခိုင်းလျှက် blackpink ရဲ့ lovesick girls ကို boy ver ဖြင့်အသံသေးအသံကြောင်နဲ့ ပခုံးဖက်လျှက် အော်ဆိုနေတာ ဒီအကြိမ်နဲ့ဆို၃ကြိမ်မြောက်...။ အချစ်နာကျနေတဲ့ ကောင်လေးတွေပေါ့လေ...။ ကိုယ့်ကိုကြပ်ထားပြီး သူတို့ကတော့ အေးဆေးသာယာနေနိုင်ကြတယ်...။
ပလက်ပေါက်ကြိုးအား ဆွဲဖြုတ်လိုက်တော့မှ နှစ်ကောင်သား အူကြောင်ကြောင်နဲ့ လှည့်ကြည့်လာသည်...။ သူတို့အနောက်ကိုလှည့်ကြည့်ချိန် ဂျောင်ကုက သူတို့ကို လက်ပိုက်လျှက် စိုက်ကြည့်နေတာကြောင့် နှစ်ကောင်သား သွားတွေဖြဲပြလာပြန်သည်...။
"ပြန်~~ပြန်လာပြီလားသယ်ရင်း"
သိပ်တော့မမူးကြသေးပေမယ့် အရည်လည်နေကြပြီ...။ ဂျောင်ကုလည်း ဆိုဖာပေါ်ဝင်ထိုင်ကာ ငှဲ့ပြီးသားအရက်ခွက်အား တစ်ကျိုက်တည်း မော့သောက်ပလိုက်သည်...။ ပြီးမှ~~
"မင်းတို့လုပ်ပုံကောင်းကြသေးရဲ့လား...!!! သူ့အမေကငါ့ကို တစ်မျိုးထင်သွားပြီ... အခုမူးကွဲနေတာ လမ်းတောင်မလျှောက်နိုင်လို့ ပွေ့ချီပြီး အိပ်ယာထဲထိပို့ပေးခဲ့ရတယ်... တောက်စ်!!!"
ထိုအခါ ယွန်းဂီက သူ့အနားကပ်လာကာ ပခုံးကိုကိုင်လျှက် နှစ်သိမ့်လာသည်...။
"မင်းကလဲကွာ ငါတို့က သူမသောက်တတ်မှန်း သိမှမသိတာ... ပြီးတော့ cocktail တစ်ခွက်လောက်နဲ့ မူးပြဲနေမယ်လို့ ဘယ်သူကထင်မှာလဲ"
"အေးလေ ငါတို့မှမသိတာ... ဘာလဲ မင်းကယောက္ခမတစ်မျိုးထင်မှာ ကြောက်တယ်ပေါ့... ယူတောင်မယူရသေးဘူး သဲသဲလှုပ်ပြနေတာ... ဂျူယောင်းနဲ့တောင် အဲ့လောက်မသဲပြဖူးတဲ့ကောင်က"
ယွန်းဂီစကားကို နမ်ဂျွန်းက ချက်ချင်းဝင်ထောက်ခံသည်...။ ကားထဲမှာ ဘာဖြစ်လာခဲ့သလဲသာသိရင် ဒီကောင်တွေဘယ်လောက်တောင် ဂျောင်ကုကိုပြောလိမ့်မလဲ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 6
Start from the beginning
