"ကောင်မလေးတွေဘာလုပ်နေလဲ!! နင်တို့အစ်ကိုလေးကို လာတွဲကြစမ်း!!! ဂျောင်ကုကို အားနာစရာ"

ကိုယ်ပဲ ပွေ့ချီလာခဲ့လို့ အိမ်ထဲပဲရောက်နေပြီကို အိမ်ကကောင်မလေးတွေကို လှမ်းခေါ်လိုက်သေးတယ်...။ ဒီငမူးသမားကို သူတို့က ထိန်းနိုင်မတဲ့လား...။ သင့်တော်သလား မသင့်တော်သလားလဲ မစဉ်းစားဘူး...။

သူ့အမေရဲ့အသံကြောင့် အခန်းထဲမှ အကူမိန်းကလေး၂ယောက်က အပြေးထွက်လာသည်...။ နောက်နှစ်ရက်လောက်နေရင် ကိုယ့်ယောက္ခမဖြစ်တော့မယ့် ကင်မ်ထယ်ယောင်းရဲ့အမေကို သူတစ်စက်လေးမှကြည့်မရ...။

"နေပါစေ ကျွန်တော်ပဲခေါ်သွားလိုက်ပါ့မယ်...
သူ့အခန်းလေးပဲ လိုက်ပြပေးပါ"

"ဟိုကောင်မလေး!! သွားပြီးလိုက်ပြလိုက်"

ဒီလိုနဲ့ပဲ ကောင်မလေးခေါ်ရာနောက်ကို သူ့ကိုပွေ့ချီလျှက် ဂျောင်ကုလည်း နောက်က‌လိုက်ရသည်...။ အခန်းထဲရောက်တော့ အမြင်ကပ်ကပ်နဲ့ မွေ့ယာပေါ်ပစ်ချလိုက်ပေမယ့် သူက နိုးမလာပြန်...။ တစ်ကိုယ်လုံးကိုကွေးကျုံ့ကာ လှိမ့်နေတာကြောင့် စောင်ခြုံပေးကာ သူ့အခန်းထဲက ထွက်လာခဲ့လိုက်သည်...။ ပေါက်စလေးကိုတော့ မတွေ့လိုက်ရပေ...။

"ပြန်တော့မလို့လား ဂျောင်ကု...??
ထယ်ယောင်းက ဘာဖြစ်လာတာလဲ...??"

ဒီလိုမေးမယ်မှန်း သူသိပြီးသား...။ မနေ့တစ်နေ့ကမှတွေ့တယ် ဒီနေ့သူ့သားကို မူးအောင်တိုက်လိုက်တယ်ဆိုပြီး ဂျောင်ကုကို အထင်သေးသွားရင်ဒုက္ခ...။

"ကျွန်တော့် သူငယ်ချင်းတွေ စလိုက်ကြတာပါ... cocktail က မမူးပေမယ့် သူကသောက်ဖူးပုံမရဘူး... ကျွန်တော်လဲ မေမေနဲ့ဖုန်းပြောနေတာဆိုတော့..."

"အင်းပါ မင်းနဲ့ဆိုစိတ်ချပြီးသားပါ..
ကော်ဖီလေး သောက်သွားဦးလေ"

"နေပါစေတော့ ကျွန်တော်ပြန်ပြီအန်တီ...
မေမေ စိတ်ပူနေတော့မယ်"

ဒီတစ်ခွန်းထဲသူပြောပြီး ဂျောင်ကုလည်း အိမ်ထဲက လှည့်ထွက်လာခဲ့လိုက်သည်...။ karaoke ဆိုင်မှာကျန်ခဲ့တဲ့ ဟိုကောင်တွေနဲ့ ကိစ္စရှင်းဖို့အတွက် သူသွားတွေ့ရမည်...။

~~STRING~~ (Completed)Where stories live. Discover now