ပြီးတော့ မယူရသေးပဲ သူများသားသမီးကို နိုင့်ထက်စီးနင်းမပြုချင်ပါ...။ မူးနေတဲ့သူဆိုပိုဆိုးသည်...။ မူးပြီးအသိစိတ်မကပ်တဲ့သူကို အခွင့်ကောင်းမယူချင်ပါ...။ နမ်းတာတောင် အမြင်ကပ်လို့ တမင်နမ်းလိုက်တာ...။
ရုတ်တရက် ဂျောင်ကုရင်ခွင်ထဲကို ပြိုကျလာတဲ့သူ့ကြောင့် ခန္တာကိုယ်ကိုဆွဲမတ်ကာ မျက်နှာချင်းဆိုင်လိုက်တော့ သူက မျက်လုံးမဖွင့်တော့...။
"ဟေ့~~ခင်ဗျား !"
လှုပ်နှိုးသော်လည်းနိုးမလာ...။ ဒါဆို ကိုယ်နမ်းနေတဲ့အချိန် မတုန့်ပြန်တာ သူကအိပ်ပျော်နေတာလား...။
နီရဲရဲမျက်နှာလေးအား လက်မနဲ့လက်ညှိုးသုံးကာ ဖျစ်ညှစ်ကြည့်သော်ငြားနိုးမလာ...။ နှာခေါင်းလုံးလုံးလေးအား ဆွဲလိမ်ကြည့်တော့လည်း အင်းအဲလောက်သာ အသံထွက်သည်...။ နှုတ်ခမ်းပါးစိုရဲရဲလေးဟာ ဂျောင်ကုလက်ချက်ကြောင့် ပေါက်ပြဲကာ သွေးပင်စို့လို့နေတယ်...။
အခုဆိုရင် ကင်မ်ထယ်ယောင်းဟာ ဂျောင်ကုလက်ထဲမှာ ပြုသမျှနုနေရသည့် အရုပ်ကလေးသာသာပင်...။ သို့ပေမယ့် သူသနားစိတ်လေး တစ်ချက်ဝင်သွားရသည်...။ အခုပဲ ညကိုးနာရီခွဲနေပြီ...။ ပေါက်စလေးက သူ့ကိုမျှော်နေလောက်မှာ...။ ဒီအရွယ်ကလေးတွေဟာ မိဘရင်ခွင်ကိုမက်ကြတယ်တဲ့...။ တစ်ညနေလုံး သူ့အဖေမရှိတော့ ငိုချင်ငိုနေမှာ...။
အဲ့ဒီနောက်မှာတော့ ဂျောင်ကုလည်း ကားတံခါးအားဆွဲဖွင့်ကာ မူးပြီးအိပ်ပျော်နေတဲ့သူအား ခက်ခက်ခဲခဲဆွဲထုတ်ရသည်...။ သူ့ခန္တာကိုယ်အား မချီချင်တာကြောင့် ထိန်းမတ်ပေးပေမယ့် နှစ်ယောက်သားဝိတ်ကြောင့် ကြာကြာမခံပဲ မြေကြီးပေါ် သူမှောက်ယက်ပစ်လဲလေသည်...။
အိမ်ရှေ့ခြံတံခါးရှေ့ မှောက်ယက်ကြီးပစ်လဲနေသူဟာ တော်တော်နဲ့ပြန်မထနိုင်...။ စိတ်မရှည်သည့်အဆုံး ဂျောင်ကုလည်းသူ့ကို ဂျိုင်းကနေဆွဲမကာထူရင်း ပွေ့ချီကာပဲ အိမ်ထဲသို့ဝင်ရပါတော့သည်...။
"ဟယ့်တော် !!"
သူ့ကိုပွေ့ချီကာ အိမ်ထဲဝင်လာတော့ သူ့အမေက ဂျောင်ကုကိုတအံ့တသြဖြင့် မော့ကြည့်လာသည်....။ ဒီအချိန်ထိ မအိပ်သေးပုံက သူတို့သားကို စောင့်နေသည့်သဘော...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 6
Start from the beginning
