သည်းခံနိုင်စွမ်းကုန်ပြီမို့ တတွတ်တွတ်ပြောနေတဲ့သူအား ဆွေ့ကနဲမချီကာ ပေါင်ပေါ်တင်လိုက်ရင်း အဲ့ဒီနှုတ်ခမ်းတွေကို ကိုယ့်နှုတ်ခမ်းတွေနဲ့ဆွဲပိတ်ပစ်လိုက်သည်...။
"အွတ်~~!!!"
မူးနေတဲ့သူကို သူဒီလိုမလုပ်သင့်ပေမယ့် စိတ်ကိုလာဆွနေတာကြောင့် နှုတ်ပိတ်လိုက်ရခြင်းပင်...။
သူဟာ ကိုယ့်ပေါင်ပေါ်မှာ ကိုယ်ထားတဲ့အတိုင်းလေး ကိုယ်ပြုသမျှ ညံ့သက်လို့နေပြန်သည်...။ ချိုအီအီနို့နံ့သင်းသင်းလေးဟာ အဲကွန်းလေကြောင့် သူ့ဆီကနေ ခပ်လွင်လွင်ကလေးရနေတယ်...။
ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းတစ်စုံကြောင့်စိတ်မရှည်တော့သည့်အဆုံး ကိုက်ချလိုက်တော့ သူ့ဆီကနေ ဂျောင်ကုကြောင့်နာကျင်လို့အော်တဲ့အသံလေးကို ကြားလိုက်ရတယ်...။ အတွင်းထဲသို့တိုးဝင်ကာ လျှာဖျားအချင်းချင်းတို့ထိ ကစားလိုက်တဲ့နောက်မှာတော့ ခန္တာကိုယ်လေး တုန်ယင်ကာ ညည်းသံသေးသေးလေးတချို့က သူ့နှုတ်ကနေ ထွက်ကျလို့လာတော့သည်...။
ကင်မ်ထယ်ယောင်းဟာ ကိုယ့်အနမ်းတွေကို ငြင်းဆန်ခြင်းမရှိသလို ကိုယ်သည်လည်း တစ်ချက်ကလေးမှလွှတ်ပေးဖို့ဆန္ဒမရှိ...။
ဒီညမှတ်လောက်သားလောက်အောင် ပညာပေးရမည်...။ ကိုယ့်ဘက်ကနေ ဆက်တိုက်အနမ်းတွေပေးနေပေမယ့် သူ့ဘက်ကတုန့်ပြန်ခြင်းမရှိတာကြောင့် ဂျောင်ကုစိတ်တိုကာ ဖိဖိပြီးနမ်းနေမိသည်...။
ကိုးနာရီထိုးပြီး ဆယ့်ငါးမိနစ်သို့ နာရီလက်တံလေးညွှန်ပြနေတာကို မျက်လုံးထောင့်စွန်းကနေမြင်ရမှ သူနမ်းတာကို ရပ်လိုက်တော့သည်...။
သို့ပေမယ့် နောက်ဆုံးပိတ်အနေနဲ့ နှုတ်ခမ်းပါးလေးကို ပြွတ်ကနဲနေအောင် တစ်ချက်နမ်းပြီးမှ သူလွှတ်ပေးလိုက်ပါသည်...။
"မှတ်ထား!!! အဲ့ဒါအရမ်းမုန်းလို့ နမ်းတာ...
နောက်တစ်ခါထပ်ပြောရင် ဒီ့ထပ်ပိုဆိုးမယ်မှတ်"
ဖြစ်နိုင်ရင် ဒီကားထဲမှာပဲ အသံမထွက်နိုင်တော့တဲ့အထိ သူပွဲကြမ်းလိုက်ချင်တာ...။ သို့ပေမယ့် သူဟာကိုယ့်ကို ညုနေသူလည်းမဟုတ်သလို ကိုယ်ကလဲသူ့ကို ချစ်နေသူမဟုတ်၍သာ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 6
Start from the beginning
