"သား သူနဲ့လက်မထပ်ချင်တော့ဘူးမေမေ"

"ဘာ!!! ဘာစကားပြောတာလဲ ဂျောင်ကု...!!! မင်းယောကျ်ားမဟုတ်ဘူးလား... ယောကျ်ားဆိုတာ ပေးပြီးတဲ့ကတိတည်ရတယ်... ငါ့ကိုသွေးတက်သေအောင် လုပ်နေတာလား... ငါ့ကိုမမြင်ချင်တော့ဘူးပေါ့လေ... ထယ်ယောင်းက ဘာလုပ်နေလို့ မင်းက ငြင်းချင်ရတာလဲ ပြောလေ"

မေမေ့ဆီက ဆက်တိုက်ထွက်လာတဲ့စကားလုံးတွေကို ဂျောင်ကုမခံနိုင်...။ ဒါပေမဲ့ အကြောင်းပြချက်ကလဲ ပေးစရာမရှိ...။

"ဘာမှမလုပ်ပါဘူး"

"ဘာမှမလုပ်ဘူးဆိုရင် ဘာဖြစ်လို့ငြင်းချင်ရတာလဲ"

"သားတို့က ချစ်လို့ယူကြမှာမှမဟုတ်တာမေမေ"

ထိုအခါမေမေဟာ သက်ပြင်းချရင်း ဂျောင်ကုရဲ့ပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လာကာ အခိုင်အမာပြောလာသည်...။

"ဒီမှာသား~~မေမေ့ကိုကြည့်... မင်းဖေဖေနဲ့မေမေလဲ ချစ်လို့ယူခဲ့ကြတာမဟုတ်ဘူး... ဒါပေမယ့် ယူပြီးရင်ချစ်သွားကြတာပဲ... အချိန်တွေလိုတယ်သား... တဖြည်းဖြည်းနဲ့ သံယောဇဉ်ကြိုးတွေခိုင်မာလာရင် ဘယ်သူဖြတ်ဖြတ်မပျက်တော့ဘူး... မေမေ့ကို ဒီတစ်ခုလေးတော့လိုက်လျောပေးစမ်းပါ... လိုက်လျောပေးမယ်မလားဟင်... ထယ်ယောင်းလေးက သားနဲ့သင့်တော်လို့ မေမေရွေးပေးထားတာ... မေမေကသားကို ဒုက္ခရောက်အောင်မလုပ်ပါဘူး"

မေမေမျက်ရည်ဝဲနေတာမြင်ရတော့ ဂျောင်ကုလည်း စိတ်မကောင်းဖြစ်မိသည်...။ အခုချိန်မှတော့ ဘယ်လိုမှ ငြင်းလို့မရအောင် ကတိတွေအထပ်ထပ်ပေးခဲ့မိပြီပဲ...။

"မေမေ့ဆန္ဒအတိုင်းပါပဲ~~"

မေမေတို့က ချစ်လို့ယူခဲ့တာမဟုတ်ပေမယ့်လို့ ချစ်သွားကြတာပဲတဲ့...။ ဂျောင်ကုကတော့ သူ့ကိုမချစ်ချင်ပါဘူး....။ ကင်မ်ထယ်ယောင်းဟာ ဂျောင်ကုအတွက်တော့ အန္တရာယ်ပဲ...။

လက်ထပ်ပြီးသွားရင် သူနဲ့ကင်းကင်းရှင်းရှင်းနေရမယ်...။ ယုတ်စွအဆုံး သူ့အသားနဲ့မထိမိအောင် သတိထားပြီးနေရမယ်...။ ၆လပြည့်ရင်တော့ ကတိအတိုင်းကွာရှင်းပြီးရင် ကိုယ့်ဘဝလွတ်လပ်ပြီ...။ ဒီအတောအတွင်းတော့ သည်းခံပြီးနေရမှာပဲ။

~~STRING~~ (Completed)Where stories live. Discover now