"........."ဝူချန်ဇီ

ဟေးရွမ်ရီက ထန်းရှင်းနိုင်ငံသားမဟုတ်ကတည်းက သူ့ကို သက်သေပြစရာ မရှိပါဘူး။

"မင်းတို့က ဒီကိစ္စကို ဘယ်လိုမှ ထပ်မပြောတော့နဲ့။ကိုယ်တော် ကို ဒီအကြောင်းကို ထပ်မတောင်းဆိုတော့နဲ့"ဧကရာဇ်က သူတို့အားလုံးကို ထွက်သွားဖို့ ပြောလိုက်တယ်။

"အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်ကို တစ်ခုလောက်ထပ်ပြီး တောင်းဆိုခွင့်ပြုပါ"ရုပ်ဆိုးတဲ့ ဟေးရွမ်ရီက သူတို့မသွားခင် ထပ်ပြီး ပြောလိုက်တယ်။

"မောင်မင်းက ဘာများပြောချင်သေးလို့လဲ?"ဧကရာဇ်က သူ့ကို စိုက်ကြည့်လိုက်တယ်။

"အရှင်သိတဲ့အတိုင်း အင်ပါယာအမိန့်တော်က နားလည်မှုအကြီးကြီးလွှဲမှားခဲ့တယ်။ကျွန်တော်က ဝူမိသားစုက ဒီကိစ္စကြောင့် ကျွန်တော့်ကို အာဃာတထားပြီး သတ်ဖို့ ကြိုးစားကြလိမ့်မယ်လို့ ခန့်မှန်းမိတယ်။ဒါ့ကြောင့် အရှင် ကျွန်တော့်အသက်ကို ကယ်ပေးဖို့ တောင်းဆိုပါတယ်။ကျွန်တော့်ကလည်း အရှင်ရဲ့နိုင်ငံသားတစ်ယောက်သာဖြစ်ပါတယ်"ရုပ်ဆိုးတဲ့ဟေးရွမ်ရီက ဒူးထောက်လိုက်တယ်။

ဧကရာဇ်က ဝူချန်ဇီကို တစ်ချက်ကြည့်လိုက်ပြီး သူ့မိသားစုက ဘယ်လို ခံစားနေရမလဲဆိုတာ သိနေတာကြောင့်"ဝူမိသားစုက ဒီကိစ္စကြောင့် မောင်မင်းကို အပြစ်မတင်လောက်ဘူးလို့ ကိုယ်တော်ယုံကြည်တယ်"

"ဒါပေမဲ့ ကျွန်တော်တို့က ဒီကိုမလာခင်တုန်းက သူတို့က ကျွန်တော့်ကို သတ်ဖို့လုပ်ခဲ့တယ်"

"အဓိပ္ပာယ်မရှိလိုက်တာ"ဝူချန်ဇီကအော်လိုက်တယ်။

သူက ဒီလူကို သတ်ဖို့ အစီအစဉ်ရှိသော်လည်းဘဲ သူက ဒါကို ထုတ်မပြောခဲ့ဘူး။

"အခုတော့ မင်းတို့က ငြင်းရဲတယ်ပေါ့။တကယ်လို့ ငါ့မှာ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့တယ်ဆိုရင် အဲဒါက မင်းဘဲ"

"........"ဝူချန်ဇီ

"အရှင်မင်းကြီး သူဝန်ခံနေပြီ"

ဝူချန်ဇီက သူ့ကို စိုက်ကြည့်လိုက်တယ်။

"ဝူမိသားစုက အသက်တစ်ချောင်းကို ခွင့်မလွတ်နိုင်ဘူးလား?"ဧကရာဇ်က ဝူချန်ဇီကို မေးလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now