"ပြန်တော့မယ်ငါ့ကောင်တို့... မိုးလဲချုပ်နေပြီ"

"နေပါဦးဟ... ငါတို့မင်းကို သိပ်ကျေနပ်တာမဟုတ်ဘူးနော်... ငါတို့စိတ်ကျေနပ်အောင် တစ်ဝိုင်းလုပ်ပေး... မင်းယောကျ်ားလေးပါ ခေါ်လာခဲ့လေ"

ဒါမျိုးကျ နှစ်ကောင်သားအတိုင်အဖောက်ညီလို့...။ ကင်မ်ထယ်ယောင်းကိုလည်း သူတို့ထက်ငယ်တယ်လို့ ထင်နေကြပုံပဲ...။

"ဟျောင့်တွေ သူကငါတို့ထက်အသက်ကြီးတယ်... ရိုရိုသေသေဆက်ဆံကြ"

ဒီလိုပြောလိုက်မှ ပျာပျာသလဲဖြင့် ထယ်ယောင်းကို တောင်းပန်ကြပြန်တယ်...။

"ငါတို့ထက်နုတော့ ငယ်တယ်ထင်သွားလို့ပါ...
ဆောရီးနော် Hyung !!"

"ဟျောင့် စကားမလွှဲနဲ့... ဘီယာလိုက်တိုက်
မင်းမတိုက်မချင်းပြန်ရမယ်မထင်နဲ့"

ဒီကောင်တွေနဲ့တော့ခက်သည်...။ ဂျောင်ကုရဲ့လက်ကို နှစ်ကောင်သား ဝိုင်းဆွဲထားတာကြောင့် ထွက်သွားလို့ကမရ...။

"ခင်ဗျား အချိန်ရတယ်မလား"

ကိုယ်ကမေးလိုက်တော့ သူကအူကြောင်ကြောင်လေးဖြင့်...။ ပြီးမှ နှုတ်ခမ်းလေးလှုပ်လာကာ ခပ်တိုးတိုးအဖြေပြန်ပေးတယ်...။

"ကိုယ်အားပါတယ်... ဂျွန့်သဘောပါ"

တကယ်တော့ ထယ်ယောင်း သားကိုစိတ်ပူတယ်...။ တစ်ယောက်တည်းထားခဲ့ရတော့ ငိုနေမလားပဲ...။ ၆နာရီဆို သားကိုထမင်းကျွေးနေကျ...။ ထမင်းကောစားပါ့မလားပဲ...။

ဂျွန့်ကိုလည်း မငြင်းချင်ဘူး...။ သူ့သူငယ်ချင်းတွေကြားမှာ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုး ထယ်ယောင်းမလိုချင်ပါ...။

ဒါနဲ့ပဲ သူတို့ခေါ်တဲ့ Karaoke ဆိုင်ကို ထယ်ယောင်းရောက်ဖြစ်ခဲ့သည်...။ သီးသန့်အခန်းကို ငှားပြီးနောက်မှာတော့ ဂျွန်က သူ့အားထားခဲ့ကာ ခပ်လှမ်းလှမ်းမှာဖုန်းသွားပြောနေပြန်တယ်...။

လေးထောင့်စားပွဲခုံမှာတော့ ယမကာပုလင်းတွေက စုံစိလျှက် မမြင်ဖူးတဲ့အမျိုးစားတွေမို့ ထယ်ယောင်းသိပ်မသိ...။ ရုတ်တရက်ဘေးနားကိုကပ်လာတဲ့ ဂျွန့်သူငယ်ချင်းနှစ်ယောက်ကြောင့် ထယ်ယောင်းကိုယ်လေး ကျုံ့သွားရသည်...။

~~STRING~~ (Completed)Where stories live. Discover now