"wow... ကြည့်စမ်း...မင်းကလျှိုတာလား...?? မင်းယောကျ်ားလေးကို ငါတို့ကိုမပြချင်လို့လျှိုတယ်ပေါ့... ဒီမှာသာမတွေ့ရင် ဘယ်ချိန်ထိ လျှိုမယ်မသိဘူးဒီကောင်"
နမ်ဂျွန်းက သိပ်ကျေနပ်ပုံမပေါ်...။ ဂျောင်ကုတို့သူငယ်ချင်းတွေက ဘာပဲလုပ်လုပ် အကုန်တိုင်ပင်ပြီးမှလုပ်နေကျ...။ ခုကိစ္စက ရုတ်တရတ်ဖြစ်သွားတော့ သူလည်း အသိမပေးလိုက်ရဘူးလေ။
"ဆောရီးကွာ... မေမေတို့က ဒီရက်ပိုင်းတွင်းမှာ စီစဉ်လိုက်ကြတာ... ငါမင်းတို့ကိုပြောမလို့ပါပဲ မအားတာနဲ့... သဘက်ခါငါတို့ wedding လေ"
"ဘာ..!!!!"
ဒါက နှစ်ကောင်သားပြိုင်တူထွက်လာတဲ့အသံ...။
"မိတ်ဆက်ပေးဦးလေ.... မြန်လိုက်တာ ငါ့ကောင်ကြီးရ... မင်းကငါတို့ထဲ အရင်ဆုံးစွံတော့မှာပဲ... စိတ်မကောင်းလိုက်တာ"
နှစ်ကောင်သား အတင်းမိတ်ဆက်ခိုင်းနေတာကြောင့် ဘေးနားရပ်ကာ သူနဲ့မဆိုင်သလို အပြင်ကိုငေးနေတဲ့သူအား အသာလက်တို့ကာ မိတ်ဆက်ပေးရတော့သည်...။
"ကင်မ်ထယ်ယောင်း... ဒါကျုပ်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေ... သူက ကင်မ်နမ်ဂျွန်း... ဒီဘက်က မင်ယွန်းဂီ"
ထယ်ယောင်း တချိန်လုံးဘေးနားရပ်ကာ သူတို့စကားဝိုင်းထဲ ဝင်မပါခဲ့ပေမယ့် ပြောသမျှကိုကြားနေရသည်...။ ဂျွန့်သူငယ်ချင်းက sponsor လားလို့မေးတုန်းက ထယ်ယောင်းနည်းနည်းရှက်မိသည်...။
ဆံပင်တွေကို တခေါင်းလုံးငွေမှင်ရောင်ဆိုးထားတဲ့ ဂျစ်ကန်ကန်မျက်နှာပေးနဲ့တစ်ယောက်က မင်ယွန်းဂီတဲ့...။ ပေစောင်းစောင်းကြည့်ကာ ပီကေတွေကို တဖောက်ဖောက်မှုတ်နေသည်က ကင်မ်နမ်ဂျွန်းပေါ့...။
ဂျွန့်သူငယ်ချင်းတွေက ဂျွန်နဲ့မတူပေ...။ နှစ်ယောက်လုံးက ခပ်ဟော့ဟော့လေးတွေဖြစ်သည်...။ ဂျွန်နဲ့သက်တူရွယ်တူဆိုတော့ ကိုယ့်ထပ်ငယ်ပါလိမ့်မည်...။
"တွေ့ရတာဝမ်းသာပါတယ်... ကင်မ်ထယ်ယောင်းပါ"
ခပ်ပြတ်ပြတ်သာပြောလိုက်ပေမယ့် နှစ်ယောက်သား သူ့ကိုကြည့်နေသည်က ကင်စားတော့မတတ်ပင်...။
ŞİMDİ OKUDUĞUN
~~STRING~~ (Completed)
Romantizmအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 5
En başından başla
