အနားနားကပ်သွားကာ ပခုံးကိုတင်းနေအောင် ဆွဲဖက်လိုက်တော့ အလိုက်သင့်လေးပင် ဂျောင်ကုဘက်ကို ပါလာခဲ့သည်...။ နုဖတ်လိုက်တာလည်းလွန်ရော...။
"ကျုပ်တစ်ယောက်ထဲ ကျင်းပရမယ့်ပွဲမဟုတ်ဘူး... နည်းနည်းပါးပါးအသိလေးရှိဦး"
ဟုတ်တယ်လေ... မသိရင်ကိုယ်ကပဲ သူ့ကိုအတင်းလက်ထပ်ယူထားလို့ စိတ်မပါတဲ့သူကို ခေါ်လာရသလိုအချိုးနဲ့...။
"ဟို...မဟုတ်ပါဘူး... ကိုယ်က ဂျွန့်ကို ဦးစားပေးတာပါ... အဖြူရောင်လေးကလည်း မဆိုးပါဘူး"
သူ့အဖြေကိုရသွားတာကြောင့် ဖက်ထားတဲ့လက်အား ဆွဲဖယ်ကာ အနည်းငယ်တွန်းလိုက်ပြီး ဝန်ထမ်းကောင်မလေးအား ဟန်ပါပါတစ်ချက်ပြုံးပြလျှက် လှမ်းပြောလိုက်သည်...။
"အဖြူလေးပြပေးပါ ညီမ"
Heaven Construction group ရဲ့ တစ်ဦးတည်းသောသား ဂျွန်ဂျောင်ကုဟာ အများအမြင်မှာ အရိုသေတန်နေရမည်...။ မပြုံးပြချင်လည်း ဟန်ဆောင်ပြီးပြုံးတတ်ရပေမည်...။
~~~~~~STRING~~~~~~
ဝတ်စုံတွေ စမ်းဝတ်ကြည့်ပြီးတဲ့နောက်မှာတော့ ၂ယောက်သား ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့လိုက်သည်...။
"Hey !! Boss Jeon"
ရုတ်တရက်အနောက်ဘက်ကနေ ရင်းနှီးနေတဲ့ ငနဲနှစ်ကောင်ရဲ့အသံကို ကြားလိုက်ရတာကြောင့် ဂျောင်ကုခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလိုပဲ...။
လှည့်ထွက်သွားဖို့ကြံပေမယ့် ဘေးကလူကတမျိုး...။
"၁၀၉/၁၁၀ကောင်တွေ"
ဂျောင်ကုတမင်ပြောလိုက်တော့ နှစ်ကောင်သား ဆဲလိုက်ကြတာမှမိုးမွှန်လို့...။
ကင်မ်ထယ်ယောင်းကိုကြည့်လိုက်တော့ သူနဲ့မဆိုင်တာမို့ ဖာသိဖာသာပါပဲ...။ ဂျောင်ကုရဲ့ဘေးနားကပ်ရပ်ပြီး ခေါင်းကိုသာငုံ့လို့ထား၏...။
"ဘာလဲ... သူက sponsor လေးလား...??"
ယွန်းဂီက ကင်မ်ထယ်ယောင်းရှိရာကို မျက်စပစ်ကာ မေးလာတာကြောင့် ဂျောင်ကုမှာ တစ်ဖက်သူကို နည်းနည်းတော့အားနာသွားရတယ်...။
"ငါနဲ့လက်ထပ်မယ့်သူ"
ထိုသို့ပြောလိုက်တော့ နှစ်ကောင်သား အထိတ်တလန့်တွေ ဖြစ်ကုန်ပြန်တယ်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 5
Start from the beginning
