"ဂျွန်...နာတယ်... အတင်းဖိမကိုင်ပါနဲ့လား"

နာတယ်ဆိုတဲ့အသံကြောင့် နောက်ပြန်လှည့်ကြည့်တော့ သူက မျက်ရည်လေးအဝဲသားနဲ့...။ တစ်ခုခုဖြစ်တာနဲ့ အဲ့လိုမျက်ရည်ဝဲပြနေတာကို မကြိုက်တာ...။သူ့ကိုဘယ်သူတွေက မတရား ညှည်းပန်းနှိပ်စက်နေလို့လဲ...။

ဆွဲထားတဲ့လက်ကိုလွှတ်ပေးလိုက်တော့ သူ့လက်ကောက်ဝတ်မှာ ဂျောင်ကုလက်ချောင်းရာက နီရဲလျှက်...။

"ခင်ဗျားဟာလေ...."

ဂျောင်ကုတစ်ခွန်းထဲပြောပြီး ရှေ့ကိုခပ်သွက်သွက်လေး လျှောက်သွားလိုက်သည်...။ သူ့ဟာသူ ငိုပဲကျန်နေခဲ့ပါစေ ဂရုမစိုက်ဘူး...။ သူက ကိုယ့်ထက်အကြီးလား ကိုယ်က သူ့ထက်အကြီးလား မသဲကွဲတော့...။

wedding suit သီးသန့်ရောင်းတဲ့ဆိုင်ရှေ့ရောက်တော့ အနောက်မှာကျန်ခဲ့တဲ့သူအား ရပ်စောင့်နေရပြန်သည်...။ လမ်းလျောက်လာပုံက ဟိုကြည့်သည်ကြည့်နဲ့ စိတ်ကိုမရှည်ချင်...။

သူနဲ့ကိုယ်နှစ်ဦးသား ဆိုင်ထဲဝင်လာတော့ အကုန်လုံးက မျက်လုံးစိမ်းနဲ့ဝိုင်းကြည့်ကြသည်....။

"ဘာများအလိုရှိပါသလဲရှင့်"

အမျိုးသမီးလေးက လောကွတ်ပြုလာတော့ ဂျောင်ကုတစ်ချက်ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်...။

"wedding suit လေးတွေပြပေးပါ ညီမ
အကိုတို့နှစ်ယောက်နဲ့လိုက်ဖက်တာပေါ့"

ကိုယ်ကသာပြောနေရတာ သူကတစ်ချက်ဝင်မပြော...။

"ဟုတ်ကဲ့လူကြီးမင်း... ဒီဘက်ကိုကြွပါရှင့်"

အမျိုးသမီးလေးခေါ်ရာနောက်ကို တိတ်တဆိတ်ပဲ နှစ်ဦးသားလိုက်သွားလိုက်သည်...။

"ကြိုက်ရာရွေးပါရှင့်...
အကုန်လုံးက branded တွေကြီးပါပဲ"

"ခင်ဗျားဘယ်အရောင်ကြိုက်လဲ...??"

ဂျောင်ကုမေးလိုက်တော့ သူက ကိုယ့်ကိုတစ်ချက်ကြည့်ကာ suit တွေဘက်ကို မျက်လုံးရောက်သွားပြန်သည်...။ ပြီးမှ ခပ်တိုးတိုးလေး ပြန်ဖြေလာရဲ့...။

"ဂျွန် ကြိုက်တာရွေးပါ"

လုပ်ပြန်ပြီ စိတ်မရှည်အောင်...။

~~STRING~~ (Completed)Where stories live. Discover now