"တော်တော့ ရပြီ... ဆင်ခြေတွေထပ်မပေးနဲ့"

ကိုယ့်စကားမဆုံးသေးခင် ဂျွန်က ဖြတ်ပြောသည်...။ မနေ့ကလိုရုံးတက်ဝတ်စုံ suit အပြည့်နဲ့မဟုတ်ပဲ လူငယ်ဆန်ဆန် နက်ပြာရောင်တီရှပ်နဲ့ ဂျင်းပန့်အဖြူလေးကို ဝတ်ထားတဲ့ဂျွန်ဟာ တစ်မျိုးလေး ယောကျ်ားဆန်ကာ ကြည့်ကောင်းနေပြန်တယ်...။

ဂျွန်က ထယ်ယောင်းကို စိတ်ပျက်နေတာလား...။ ဒါမှမဟုတ် မုန်းနေတာလားပဲ...။ အမြဲလေသံမာမာတွေနဲ့သာ ဆက်ဆံတတ်တာကြောင့် ထယ်ယောင်းနည်းနည်းလန့်ပါသည်...။

"တက်လေ... ဘာကြောင်နေတာလဲ...!!!"

"အင်း...ဂျွန်"

သူ့ဘက်ကသာ ကိုယ့်ကိုတင်တင်စီးစီးနိုင်လှပေမယ့် ထယ်ယောင်းကတော့ အဲ့လိုမလုပ်ချင်ပါဘူး...။ ဂျွန့်လိုလည်း လေသံမာမာနဲ့ သူမပြောတတ်ပါ...။

lover seat ဘက်မှာဝင်ထိုင်ပြီးခဏမှာပဲ ဂျွန်က ကားကိုဝေါကနဲ ဆောင့်မောင်းထွက်လေတော့သည်...။

ထယ်ယောင်းက ကိုယ်ပိုင်ကားကိုမောင်းရင်တောင် ဖြည်းဖြည်းနဲ့ပုံမှန်လေးမောင်းတာ...။ အငှားယာဉ်စီးလည်း  ဒရိုင်ဘာကို ကြိုပြောနေကျ...။ အန္တရာယ်ဆိုတာ မြင်ရတာမှမဟုတ်တာ...။

"ဂျွန်...ဖြည်းဖြည်းမောင်းပေးပါလား
ကိုယ်...ကိုယ်ကြောက်လို့ပါ"

ဘေးနားကနေ တုန်ယင်စွာထွက်လာတဲ့အသံကြောင့် တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းဟာ ထိုင်ခုံခါးပတ်ကြိုးအား ကျစ်နေအောင်ကိုင်ကာ မျက်ရည်တွေဝဲလျှက်။

"ကျစ် !!"

ဂျောင်ကုလည်း စုပ်တစ်ချက်သပ်ကာ တဖြည်းဖြည်းအရှိန်ကို လျော့လိုက်ရတယ်...။ သူဒီတစ်ယောက်နဲ့ နောက်ပိုင်းတွေ ဘယ်လိုနှစ်ပါးသွားရပါ့...။

ဂျောင်ကုကလည်း စိတ်မရှည်တတ်တာနဲ့ ကင်မ်ထယ်ယောင်းကလည်း နုယွတတ်တာနဲ့ဆို‌တော့ တော်တော်လေးဟုတ်နေပြီ...။

ကုန်တိုက်ထဲရောက်တော့ ထယ်ယောင်းကနောက်မှ ဂျောင်ကုကသူ့ရှေ့ကနေ ခပ်သွက်သွက်သွားတယ်...။ ထယ်ယောင်းရဲ့လမ်းလျောက်တာကအစ နှေးကွေးလွန်းနေတာကြောင့် ဂျောင်ကုစိတ်မရှည်တော့ပဲ နောက်ပြန်လှည့်ကာ လက်ကိုဆောင့်ဆွဲလျှက်ခေါ်လာလိုက်တယ်...။ အနောက်မှာဖြစ်ချင်ရာဖြစ်...။

~~STRING~~ (Completed)Where stories live. Discover now