"အမလေး ဖြစ်ပျက်မနေနဲ့... သူ့ကိုဘာမှမလုပ်ဘူး... စိတ်ချလက်ချသွား"

ကျောခိုင်းကာ အိမ်အပြင်ဘက်သို့လှည့်ထွက်လိုက်တော့ အနောက်ကနေ သားငိုသံလေးတွေဟာစီလျှက်...။ ထယ်ယောင်းနောက်ကို မလိုက်ရလို့ အော်ငိုနေမှာပေါ့...။

~~~~~~STRING~~~~~~

ကားဘော်ဒီကိုမှီကာ အိမ်ထဲကထွက်လာမယ့်သူကိုရပ်စောင့်နေမိတာ ၁၀မိနစ်ရှိပြီ...။ ကိုယ်က အလုပ်ကနေကမန်းကတမ်းပြန်လာပြီး အိမ်မှာရေဝင်ချိုး အဝတ်အစားလဲကာ သူ့ဆီချက်ချင်းတန်းလာခဲ့တာတောင်မှ သူကခုထိထွက်မလာသေး...။

ကင်မ်ထယ်ယောင်းဟာ အချိန်ကိုမလေးစားတာလား တမင်သပ်သပ်ချိုးချင်လို့ပဲလားတော့မသိ။ ကိုယ့်စိတ်နဲ့သာဆိုရင် အိမ်ထဲဝင်ပြီးသွားဆွဲခေါ်ကာ ကားပေါ်ပစ်တင်လိုက်တာကြာပြီ...။

သူ့မိဘတွေနဲ့ မျက်နှာချင်းမဆိုင်ချင်၍သာ ပေတေပြီးရပ်စောင့်နေရခြင်းပင်...။ ဖုန်းပြောတာတောင် မေမေကနေတစ်ဆင့်ပြောခိုင်းတာ...။

ခြံတံခါးအားစိုက်ကြည့်နေတုန်းမှာပဲ တံခါးဖွင့်ကာထွက်လာတဲ့သူကြောင့် တမင်မျက်မှောင်ကိုကျုံ့ကာ သူ့အား စိုက်ကြည့်ပေးနေလိုက်သည်...။

အပြာနုရောင် မွှေးပွဆွယ်တာလက်ရှည်နှင့် စတိုင်ပန့် အဖြူရောင်လေးကို တွဲဝတ်ထားတဲ့ ကင်မ်ထယ်ယောင်းဟာ ညနေခင်းမှာ ကြည်ပြီးရှင်းသန့်လို့နေတယ်...။

မနေ့ကတွေ့တုန်းကလည်း ဆွယ်တာအဖြူ...။ ဒီနေ့ထပ်တွေ့တော့လည်း။ဆွယ်တာပဲ...။ ဘာပဲဝတ်ဝတ် ကြည့်ကောင်းတဲ့အထဲမှာတော့ ကင်မ်ထယ်ယောင်းပါသည်...။

"ဂျွန်...!!"

တိုးဖျော့ဖျော့လေသံလေးနဲ့ ခေါ်လိုက်တာကြောင့် သူ့စိတ်ထဲမှာ တစ်မျိုးလေးဖြစ်သွားရတယ်...။

"စောင့်ရတာကြာသွားပြီလား...??"

လက်နှစ်ဖက်ကိုပွတ်တိုက်ကာ မျက်နှာငယ်လေးနဲ့ဆိုနေတာကြောင့် စိတ်ကိုတထစ်လျော့ချလိုက်ရတော့သည်...။

"အင်း...ကျုပ်ဒီကိုရောက်နေတာ ဆယ်မိနစ်ကျော်သွားပြီ"

"ဟိုလေ...သားက"

~~STRING~~ (Completed)Where stories live. Discover now