"ဖေ့~~~လှ~~လှ"

တစ်နှစ်ခွဲသာရှိသေးတာမို့ သားက စကားသိပ်မပြောတတ်သေး...။ တစ်လုံးစနှစ်လုံးစလောက်သာပြောပေမယ့် အဲ့ဒီအပြောလေးတွေကို ထယ်ယောင်းက ချစ်ရတာပါပဲ...။

"မွ!!"

"ဆန်လုံးလေး... ဖေဖေတို့ လည်လည်ထွက်ကြမယ်"

ဆန်လုံးလေးလို ဖွေးဥကာ လုံးတုံးတုံးလေးဖြစ်နေတာကြောင့် ချစ်စနိုးနဲ့ ဆန်လုံးလေးလို့ခေါ်ခြင်းပင်...။ ထယ်ယောင်းစိတ်မရှည်သည့် အခါမျိုးမှာဆိုရင်တော့ နာမည်တပ်ကာခေါ်လေ့ရှိသည်။ အဲ့ဒီအခါကျရင် သားကလည်း ကျူကျူပါအောင်အော်ငိုတတ်သေး...။

ကုတင်ပေါ်ငုတ်တုတ်လေးထိုင်ကာ လက်နှစ်ဖက်ကိုဆန့်ပြနေပုံက ချီပါဆိုတဲ့သဘော...။

"သွားကြမယ်ကွာ"

သားအားပွေ့ချီကာ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ မေမေနဲ့တည့်တည့်တိုးသည်...။

"ကလေးကိုဘာလို့ချီဆင်းလာတာလဲ"

"သားကိုပါခေါ်သွားမလို့ပါမေမေ"

ခေါင်းကိုငုံ့ကာပြောလိုက်တော့ မေမေ့ဆီက မကျေနပ်သည့်အသံတွေထွက်လာသည်...။

"နှစ်ယောက်ရင်းနှီးမှုရအောင်လို့ သွားတွေ့ခိုင်းတာကို ကလေးကကန့်လန့်... အဲ့ကလေးထားခဲ့... အိမ်ကကောင်မလေးတွေ ထိန်းထားလိမ့်မယ်... ဘယ့်နှယ့် နေရာတကာ ကလေးခေါ်ချင်နေတယ်... ကောင်မလေးတွေ ဘာလုပ်နေလဲ!!! နင်တို့အစ်ကိုလေးလက်ထဲက ကလေးကိုလာချီ... အပြင်မှာ ဂျောင်ကုက ရောက်နေပြီ"

ဂျွန်ရောက်နေပြီလို့ပြောသံကြားတော့ အနည်းငယ်စိုးထိတ်သွားသည်...။ မနေ့ကလို ထပ်စောင့်နေရတဲ့အဖြစ်မျိုး မဖြစ်စေချင်ပါ...။

ရုတ်တရက် လက်ထဲကနေသားကို ဆွဲပွေ့သွားတာကြောင့် ထယ်ယောင်းမှာ ပျာပျာသလဲနဲ့ မှာရသေးတယ်...။

"ကလေးကို သေချာဂရုစိုက်ပေးပါညီမလေး"

‌ထယ်ယောင်းက သားကိုဂရုစိုက်ပေးဖို့မှာနေတာကို မေမေက ထယ်ယောင်းဘက်လှည့်ကာ မျက်နှာကြီးမဲ့လျှက် အပြစ်တင်စကား ပြောနေသေးတယ်...။

~~STRING~~ (Completed)Where stories live. Discover now