၄နာရီမှာ ဂျွန်လာခေါ်မယ်လို့ မေမေပြောတာကြောင့် အလုပ်စားပွဲကနေ ထမှရတော့မည်...။ ထယ်ယောင်းက အလုပ်ခန်းနဲ့အိပ်ခန်းကို သပ်သပ်စီခွဲထားသည်...။
အိပ်ခန်းထဲပြန်ဝင်လာတော့ သားက ထယ်ယောင်းသိပ်ထားတဲ့အတိုင်း ပုခက်ထဲမှာ ပက်လက်ကလေးအိပ်လျှက်သား...။
အနည်းငယ် ချွေးစို့နေတာကြောင့် ရေချိုးမှဖြစ်လိမ့်မည်...။ မနေ့ကလို ရေမချိုးပဲသွားပြီး သူများအနားကပ်ရတော့ တစ်ဖက်သားကိုလည်း အားနာမိတယ်...။
ရေချိုးကာ ကိုယ်လက်သန့်စင်ပြီးတဲ့နောက်မှာတော့ ဘီရိုတံခါးအားဆွဲဖွင့်ကာ အဝတ်အစားရွေးဖို့လုပ်ရတော့တယ်...။ ထယ်ယောင်းက ရှပ်အင်္ကျီနဲ့ ဂျင်းပန့်တွေထက် မွှေးပွဆွယ်တာနဲ့ စတိုင်လ်ပန့်တွေ ဝတ်ရတာကိုပိုကြိုက်သည်...။ ဘီရိုထဲမှာတော့ စပို့ရှပ်တွေ သုံးလေးထည်လောက်သာရှိသည်...။
အင်္ကျီရွေးခြင်းအမှုပြီးတဲ့နောက်မှာတော့ မှန်တင်ခုံပေါ်ဝင်ထိုင်ကာ နို့ရည်လေးနဲ့ ပေါင်ဒါလေးအား လိမ်းလိုက်သည်...။
ထယ်ယောင်းသုံးသမျှ cosmetic ပစ္စည်းတိုင်းဟာ သားနဲ့ဆင်တူဝယ်ထားတာတွေချည်းပဲ...။ ကလေးအနံ့လေးတွေဆို ထယ်ယောင်းသဘောကျသည်...။ စူးရှတဲ့ရေမွှေးတွေထက် ချိုအီအီရနံ့လေးက နှာခေါင်းယဉ်သလိုခံစားရလို့လေ...။
အင်္ကျီနဲ့ဘောင်းဘီအား လဲပြီးနောက်တော့ လက်ပတ်နာရီလေးဝတ်ကာ သားရှိရာဘက်သို့ လျှောက်လာလိုက်သည်...။ သားကိုနှိုးပြီးခေါ်သွားရမယ်...။ အိမ်မှာ ထယ်ယောင်းမရှိရင် သားကိုဂရုစိုက်ပေးမယ့်သူ ရှိမှာမဟုတ်...။
အိပ်ပျော်နေတဲ့သားကို နှိုးလိုက်တော့ မျက်နှာလေးရှုံ့မဲ့ကာ နှုတ်ခမ်းလေးကဆူထော်လျှက်ဖြင့်...။ မနေ့က ဆေးခန်းပြပြီးတဲ့နောက်မှာတော့ သားက လန်းလန်းဆန်းဆန်းလေးပြန်ဖြစ်လာပြီ...။
ချွေးတွေထွက်နေတာကြောင့် အင်္ကျီလဲပေးမှဖြစ်မည်...။ သားကြိုက်တဲ့ ဝက်ဝံရုပ်ခေါင်းစွပ်ပါတဲ့ အင်္ကျီလေးအားဝတ်ပေးကာ လည်သာဖိနပ်အနက်ရောင်လေးကို စီးပေးလိုက်တော့ သားက ဖိနပ်လေးအားလက်ညှိုးထိုးကာ သဘောတွေကျနေတော့သည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 5
Start from the beginning
