"Cocktail လေးတစ်ခွက်တိုက်မိတာပါကွာ...
အဖြစ်သည်းလိုက်တာ.. ယူတောင်မယူရသေးဘူး"

ကျစ်~~! အဲ့တာကြောင့်မို့ သူဖုန်းပြောနေတုန်း ဟိုတစ်ယောက်က မျက်နှာငယ်လေးနဲ့လှမ်းကြည့်နေတာကိုး...။ ဖုန်းပြောတာကလည်း တခြားသူမဟုတ် မေမေနဲ့...။ သူ့ကို အိမ်ကိုကောင်းကောင်းလိုက်ပို့ပေးဖို့ကို အရစ်တွေရှည်နေတာကြောင့်ပင်...။

ခေါင်းပင်မထောင်နိုင်တဲ့သူအား ဆွဲမကာထူလိုက်တော့ မျက်လုံးလေးတွေမှေးစင်းကာ ဂျောင်ကုကိုကြည့်လာတယ်...။

"ခေါင်းမူးတယ် ဂျွန်... ကိုယ် အိမ်ပြန်ချင်ပြီ"

"ခင်ဗျားလမ်းလျှောက်နိုင်လား"

"အင်း~~"

သံရှည်စွဲကာပြောပြီးနောက်မှာတော့ ဆိုဖာပေါ်ကနေ ကုန်းရုန်းထပေမယ့် ပြန်ပစ်လဲတာကြောင့် စိတ်မရှည်သည့်အဆုံး သူ့ကိုသိုင်းဖက်ကာ အပြင်သို့ခေါ်ထုတ်လာလိုက်သည်...။ ဟိုကောင်တွေကိုတော့ မျက်ထောင့်နီကြီးနဲ့ လှည့်ကြည့်ပေးလိုက်သည်...။ ဒင်းတို့မွှေလို့ဖြစ်တာ...။

သူ့လက်တွေဟာ ကိုယ့်ခါးကိုတင်းကျပ်စွာ သိုင်းဖက်ထားသည့်အပြင် လည်တိုင်ထက်ခိုနားလာတဲ့ အသက်ရှူသံငွေ့ငွေ့ကြောင့် ဂျောင်ကုစိတ်တွေနောက်ကျိကုန်သည်...။

ကားပေါ်တင်ပေးပြီး ခါးပတ်ပတ်ပေးပြီးနောက်မှာတော့ သူက မျက်လုံးတွေမှိတ်ကာ တအင်းအင်းနဲ့ ညည်းညူနေပြန်သည်...။

မဖြစ်ဘူး!!!
သူ့ကိုအိမ် အမြန်ပြန်ပို့မှဖြစ်မည်...။
ကြာကြာနေရင် အန္တရာယ်ဖြစ်လာနိုင်တယ်...။ ဖြစ်နိုင်ရင် တစက္ကန့်လေးတောင် သူနဲ့အတူမနေချင်ဘူး...။ ကင်မ်ထယ်ယောင်းဟာ ဂျောင်ကုအတွက်တော့ ထိလိုက်တာနဲ့ အန္တရာယ်ပေးနိုင်တဲ့ သက်ရှိအရုပ်လေးတစ်ရုပ်ဖြစ်တော့သည်...။

..................................To Be Continued








(Zawgyi)

မနေ့က သူလုပ်လိုက်တဲ့လုပ်ရပ်ကြောင့် ထယ်ယောင်းညက တော်တော်နဲ့အိပ်လို့မပျော်...။ ဒီနေ့ညနေခင်း မင်္ဂလာဝတ်စုံသွားရွေးဖို့ ဂျွန်က အိမ်ကိုလာခေါ်မည်တဲ့...။ ထယ်ယောင်း ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့...။

~~STRING~~ (Completed)Where stories live. Discover now