ယွန်းဂီနဲ့နမ်ဂျွန်းကတော့ ဂျောင်ကုဖုန်းပြောရင်း အပြင်ကိုထွက်သွားတာနဲ့ ကားပေါ်မှာတိုင်ပင်ခဲ့သည့်အတိုင်း လုပ်ငန်းစတော့သည်...။

"Hyung အရက်သောက်ဖူးလား...??"

နှစ်ယောက်သားပြိုင်တူမေးတော့ ထယ်ယောင်းက ခေါင်းလေးအသာခါပြသည်...။

"ကိုယ့်ညီလေးတွေလိုသတ်မှတ်ပြီး ပျော်ပျော်နေပါ Hyung ရဲ့... Hyung ကိုကြည့်ရတာ မပျော်သလိုပဲ"

"မ...မဟုတ်ပါဘူး"

"ကျွန်တော်တို့ကိုခင်ရင် ဒါလေးသောက်ကြည့်"

လက်ထဲကို cocktail ခွက်လေး ထိုးပေးတော့ ထယ်ယောင်းက ခေါင်းတွေအတင်းခါယမ်းပြကာ မသောက်ချင်ကြောင်းပြသည်...။

"ကိုယ်မသောက်တတ်လို့ပါ"

"အရက်မဟုတ်ပါဘူး Hyung ရဲ့... အချိုရည်ပါ... Hyung က ကျွန်တော်တို့ကိုမခင်ချင်ဘူးလား...??"

ဂျွန့်သူငယ်ချင်းနှစ်ယောက်က မသောက်ရသေးဘဲ ရစ်နေကြတာကြောင့် ထယ်ယောင်းအခက်တွေ့နေသည်...။ ဒီလိုနေရာမျိုးကိုတစ်ခါမှ မလာဖူးတော့ ထယ်ယောင်းစိတ်ထဲ နည်းနည်းကြောက်နေသည်...။

ဂျွန့်ဘက်ကိုလှည့်ကြည့်တော့ ဖုန်းပြောနေရင်းမှ ထယ်ယောင်းကို ပြန်လှည့်ကြည့်လာသည်...။ ကြည့်နေရင်းမှ တစ်ဖက်သို့ လှည့်သွားတာကြောင့် အားငယ်စိတ်တွေဟာအလုံးအရင်း...။

မတတ်သာတဲ့အဆုံး ထယ်ယောင်းလည်း လက်ထဲထိုးထည့်ပေးလာတဲ့ခွက်လေးကို မျက်စိစုံမှိတ်လျက် တစ်ချက်ထဲ မော့သောက်ပလိုက်တော့သည်...။

ဆယ့်ငါးမိနစ်လောက် ဖုန်းပြောပြီးတဲ့နောက်မှာတော့ ဂျောင်ကု အခန်းထဲပြန်ဝင်လာလိုက်သည်...။ ဆိုဖာပေါ် ပက်လက်ကြီးလန်နေတဲ့ ကင်မ်ထယ်ယောင်းကြောင့် မျက်လုံးတို့အပြူးသား ဖြစ်သွားရသည်...။ ဟိုကောင်တွေလုပ်ချလိုက်ပြန်ပြီ...။ ဂျောင်ကုလှမ်းကြည့်လိုက်တော့ နှစ်ကောင်သားပခုံးချင်းဖက်လျှက် သီချင်းတွေအော်ဆိုနေကြသေးတာ...။

"ဟျောင့်တွေ သူ့ကိုဘာလုပ်လိုက်တာလဲ"

အနည်းငယ်ဒေါသထွက်သွားတာကြောင့် လေသံမာသွားတော့ နှစ်ကောင်သားမျက်နှာငယ်လေးနဲ့ ပြန်ကြည့်လာလေရဲ့...။

~~STRING~~ (Completed)Where stories live. Discover now