ဒါပေမဲ့ ဘာကမှားနေတာလဲ?

သူမက ဒီလူကို ထပ်ပြီးလေ့လာလိုက်တယ်။ရုတ်တရက် ဒီလူက အငမ်းမရစားသောက်နေတာကို ရပ်တန့်လိုက်ပြီး စတင်ပြီးတော့ အစားအသောက်တွေကို နည်းနည်းချင်းသာ စားနေပြီးတော့ စားသောက်နေတဲ့အချိန်မှာ ဘာသံမှမထွက်လာတော့ဘူး။

ဝူဝေ့ရွယ်က ထပ်ပြီး ပြုံးလာနိုင်တယ်။ဒါကမှ သူမကနှစ်သက်တဲ့အပြုအမူဘဲ။

သူက လွန်ခဲ့တဲ့နှစ်ရက်လောက်က အစားမစားခဲ့ရတာကြောင့် သူ့ရဲ့အပြုအမူတွေက ဆုံးရှုံးသွားတာဖြစ်လိမ့်မယ်။

ဝူဝေ့ရွယ်က ဟေးရွမ်ရီရဲ့အိပ်ရာထဲက ဘယ်လိုကြမ်းလိုက်သလဲဆိုတာတွေးမိတာနှင့် ရှက်သွေးဖျာသွားတယ်။သူမက သူ့ရဲ့နှုတ်ခမ်းထောင့်ကို သူမရဲ့လက်ကိုင်ပုဝါနှင့် သုတ်ပေးလိုက်တယ်။

"မင်းက နူးညံ့တဲ့သိမ်မွေ့တဲ့ဇနီးလေးဘဲ"ဒီလူက ပြုံးဖြဲဖြဲလုပ်လိုက်တယ်။

ဝူဝေ့ရွယ်က မျက်မှောင်ကြုတ်လိုက်တယ်။သူမက မှားနေတာမဟုတ်ဘူး။ဒီလူရဲ့အသံက တကယ့်ကို ခြားနားနေတယ်။

ဒီလူက ထရပ်လိုက်ပြီး သူမရဲ့လက်ကို ကိုင်လိုက်ပြီး"အခု ငါတို့ မင်းရဲ့မိသားစုကို သွားရအောင်"

"ကောင်းပြီ"ဝူဝေ့ရွယ်က ခေါင်းငြိမ့်လိုက်တယ်။

သူတို့က အခန်းအပြင်ကို လျှောက်လာခဲ့တယ်။ဝူဝေ့ရွယ်က သေးငယ်တဲ့လမ်းကျဉ်းတစ်ခုလို သေးလွန်းတဲ့ ခြံဝင်းကို မြင်တဲ့အချိန်မှာတော့ သူမကဒေါသထွက်လာပြီး သူမရဲ့မျက်လုံးတွေက နီရဲလာပြီး အံ့ကြိတ်ထားလိုက်တယ်။အခန်းရှေ့က တံတိုင်းက အခြားသောတံတိုင်းတွေနှင့် ယှဉ်လိုက်ရင် သစ်လွန်းတာကြောင့် အသစ်ထပ်လုပ်ထားတာနှင့်တူတယ်။ပြီးတော့ တံတိုင်းနားမှာ တံခါးတစ်ခုရှိနေတယ်။

အဲဒီလူက ဝူဝေ့ရွယ်ကို ဘယ်ဘက်မှာရှိနေတဲ့ သစ်သားတံခါးရှိရာကို ဆွဲခေါ်သွားလိုက်ပြီး တံခါးဖွင့်လိုက်ပြီး အပြင်ကို ထွက်လိုက်တယ်။

ဝူဝေ့ရွယ်က သူမမြင်ရတာကို မယုံကြည်နိုင်ဘူး။တံခါးအပြင်ဘက်မှာတော့ သေးငယ်တဲ့ လမ်းကျဉ်းလေးရှိနေပြီး သူမကိုခေါ်ဆောင်သွားမယ့် တွန်းလှည်းလဲရှိနေတယ်။

COTAW(Zawgyi)Where stories live. Discover now